
0
365





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယူးဒေလီမှာ အပြင်းထန်ဆုံး လေထုညစ်ညစ်မှုဖြစ်လို့ သတိပေးတားမြစ်ချက်ထုတ်ပြန်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ လေထုညစ်ညမ်းနေတဲ့အတွက် မနေ့ နိုဝင်ဘာ ၇ ရက်နေ့က ဒေလီမြို့နေ ပြည်သူတွေကို အရေးပေါ် အခြေအနေတစ်ရပ်အဖြစ် ဆရာဝန်တွေက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တိုင်းတာချက်တွေအရ လေထုစံချိန်စံညွှန်းဟာ အဆိပ်အတောက်ဖြစ် စေနိုင်တဲ့ အပြင်းထန်ဆုံး အခြေအနေကို ရောက်ရှိနေပြီး အဆုတ်ကို တိုက်ရိုက်ထိစေနိုင်တာပဲ ဖြစ်ပါတယ်။

အဲ့ဒီအတွက်ကြောင့် ကျောင်းတွေကို ပိတ်ထားဖို့နဲ့ ပြည်သူတွေကို အပြင်မထွက်ကြဖို့ အိန္ဒိဆေးဘက်ဆိုင်ရာ ပညာရှင် များအသင်း ဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။

အဆိုပါလေထုညစ်ညမ်းမှုဟာ နောက် သုံးရက်အထိ ဆက်လက် တည်ရှိနေမယ်လို့ ခန့်မှန်းထားပါတယ်။ ဒေလီမြို့ရဲ့ လေထုညစ်ညမ်းမှုနှုန်းဟာ တိုင်းတာချက် ၇၁၀ မိုက်ခရိုကုဗမီတာအထိ ရောက်ရှိနေပြီး မီးခိုးတွေ ထွက်နေသလို ဖြစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)