ကဘူးလ္ျမိဳ႔ TV channel ဌာန ကို အၾကမ္းဖက္တုိက္ခုိက္ခဲ့လုိ႔ ၅ ဦးေသ ၂၁  ဦးဒဏ္ရာရ

0
231

အာဖဂန္နစၥတန္ႏိုင္ငံ ကဘူးလ္ျမိဳ႔မွာ TV channel ဌာနတစ္ခုမွာ မေန႔ ႏုိ၀င္ဘာ ၇ ရက္ေန႔က အၾကမ္းဖက္တုိက္ခုိက္ခဲ့လုိ႔ အနည္းဆံုး လူ ၅ ေသဆံုးခဲ့ဲၿပီး ၂၁ ဦးထိခုိက္ဒဏ္ရာရရွိသြားခဲ႔ပါတယ္။

Shamshad TV ဌာနကို အၾကမ္းဖက္တုိက္ခုိက္သူ ၂ ဦးက မနက္ခင္းအခ်ိန္မ်ာ တိုက္ခုိက္ခဲ့တာပါ။

ေသဆံုးခဲ့သူေတြထဲ တိုက္ခုိက္သူ၂ ဦး  ၊လံုျခံဳေရးအေစာင့္တစ္ဦးနဲ႔ ၀န္ထမ္းအမ်ိဳးသမီး တစ္ဦးပါ  ၀င္ျပီး ဒဏ္ရာရရွိခဲ့သူအမ်ားစုက မီဒီယာ၀န္ထမ္းေတြျဖစ္ၾကပါတယ္။

တုိက္ခုိက္သူ ၂ ဦးဟာ ရဲ၀တ္စံုေတြ၀တ္ဆင္ကာ အေဆာက္အဦး ထဲ၀င္ေရာက္တိုက္ခုိက္ခဲ့ကာ ၃ နာရီၾကာ အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ၿပီး သူတို႔ဟာ အစၥလာမ္မစ္ အစြန္းေရာက္အၾကမ္းဖက္သမားေတြပဲ ျဖစ္ပါတယ္။

အစြန္းေရာက္အၾကမ္းဖက္သမားေတြဟာ သတင္းေထာက္ေတြနဲဲ႔႔ မီဒီယာ ဌာနေတြကို အဓိကပစ္မွတ္ ထား တုိက္ခိုက္လာခဲ့ၾကျပီး ဒီျဖစ္ရပ္မတိုင္ခင္မွာလည္း အာဖဂန္သတင္းေထာက္နဲ႔ မီဒီယာ ၀န္ထမ္း ၁၀ ဦးေသဆံုးခဲ့ျပီလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကဘူးလ်မြို့ TV channel ဌာန ကို အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ ၅ ဦးသေ ၂၁ ဦးဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ TV channel ဌာနတစ်ခုမှာ မနေ့ နိုဝင်ဘာ ၇ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၅ သေဆုံးခဲဲ့ပြီး ၂၁ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

Shamshad TV ဌာနကို အကြမ်းဖက်တိုက်ခိုက်သူ ၂ ဦးက မနက်ခင်းအချိန်မျာ တိုက်ခိုက်ခဲ့တာပါ။
သေဆုံးခဲ့သူတွေထဲ တိုက်ခိုက်သူ၂ ဦး ၊လုံခြုံရေးအစောင့်တစ်ဦးနဲ့ ဝန်ထမ်းအမျိုးသမီး တစ်ဦးပါ ဝင်ပြီး ဒဏ်ရာရရှိခဲ့သူအများစုက မီဒီယာဝန်ထမ်းတွေဖြစ်ကြပါတယ်။

တိုက်ခိုက်သူ ၂ ဦးဟာ ရဲဝတ်စုံတွေဝတ်ဆင်ကာ အဆောက်အဦး ထဲဝင်ရောက်တိုက်ခိုက်ခဲ့ကာ ၃ နာရီကြာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး သူတို့ဟာ အစ္စလာမ်မစ် အစွန်းရောက်အကြမ်းဖက်သမားတွေပဲ ဖြစ်ပါတယ်။

အစွန်းရောက်အကြမ်းဖက်သမားတွေဟာ သတင်းထောက်တွေနဲ့ မီဒီယာ ဌာနတွေကို အဓိကပစ်မှတ် ထား တိုက်ခိုက်လာခဲ့ကြပြီး ဒီဖြစ်ရပ်မတိုင်ခင်မှာလည်း အာဖဂန်သတင်းထောက်နဲ့ မီဒီယာ ဝန်ထမ်း ၁၀ ဦးသေဆုံးခဲ့ပြီလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)