
0
867




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတကာ စုံစမ်းရေးအဖွဲ့တွေကို မြောက်ကိုရီးယားနိုင်ငံထဲကို ဝင်ခွင့်ပေးမယ်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်တဲ့နေရာတွေဆီကို နိုင်ငံတကာ စုံစမ်းရေးအဖွဲ့တွေ လာရောက်ဖို့ ခွင့်ပြုမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုဟာ အောက်တိုဘာ ၇ ရက်နေ့က မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တွေဆုံဆွေးနွေးခဲ့ပါတယ်။ ဝန်ကြီး ပွန်ပီယိုက နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဟာ ဒုံးကျည် စမ်းသပ်တဲ့ အဆောက်အဦးနဲ့ ပွန်ဂီရီနျူကလီယား စမ်းသပ်တဲ့ နေရာတွေဆီကို သွားရောက်ခွင့် ရဖွယ်ရှိတယ်လို့ ပြောပါတယ်။

နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ မြောက်ကိုရီးယားနိုင်ငံဆီ အမြန်ဆုံးသွားရောက်ဖို့ လုပ်ဆောင်မယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)