ႏိုင္ငံေရးစကားေတြ ထုတ္ေျပာလာတဲ့ ေတလာဆြစ္

0
821

ကမာၻေက်ာ္အဆုိေတာ္ ေတလာဆြစ္ ႏိုင္ငံေရးနဲ႔ ပတ္သက္လုိ႔ အရင္က ေျပာဆုိတာ မရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ ဒီမုိကရက္တစ္ပါတီ အမတ္ႏွစ္ဦးအတြက္ ေထာက္ခံေျပာဆုိခဲ့ပါတယ္။

အေမရိကန္မွာ မၾကာခင္ က်င္းပေတာ့မယ့္ ၾကားျဖတ္ ေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ေတလာဆြစ္က ဒီမုိကရက္တစ္ပါတီကို ေထာက္ခံခဲ့တာ ျဖစ္ပါတယ္။ ေတလာဆြစ္က လူအခြင့္အေရး အတြက္ ကာကြယ္ႀကိဳးပမ္းမႈေတြ လုပ္မယ့္ ကိုယ္စားလွယ္ေလာင္းကို မဲေပးမွာျဖစ္ၿပီး အဲဒီ လူဟာ မဲအတြက္ ထိုက္တန္တယ္လို႔ ယံုၾကည္ေၾကာင္း ေျပာပါတယ္။

ေတလာဆြစ္ဟာ LGBT အေရးအတြက လႈပ္ရွားေနသူေတြကို ခ်စ္ခင္ေလးစားေၾကာင္း အရင္က ေျပာခဲ့ဖူးပါတယ္။ ႏိုဝင္ဘာ ၆ ရက္ေန႔မွာ အေမရိကန္ ၾကားျဖတ္ေရြးေကာက္ပြဲ စတင္မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံရေးစကားတွေ ထုတ်ပြောလာတဲ့ တေလာဆွစ်

ကမ္ဘာကျော်အဆိုတော် တေလာဆွစ် နိုင်ငံရေးနဲ့ ပတ်သက်လို့ အရင်က ပြောဆိုတာ မရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဒီမိုကရက်တစ်ပါတီ အမတ်နှစ်ဦးအတွက် ထောက်ခံပြောဆိုခဲ့ပါတယ်။

အမေရိကန်မှာ မကြာခင် ကျင်းပတော့မယ့် ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တေလာဆွစ်က ဒီမိုကရက်တစ်ပါတီကို ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ တေလာဆွစ်က လူအခွင့်အရေး အတွက် ကာကွယ်ကြိုးပမ်းမှုတွေ လုပ်မယ့် ကိုယ်စားလှယ်လောင်းကို မဲပေးမှာဖြစ်ပြီး အဲဒီ လူဟာ မဲအတွက် ထိုက်တန်တယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

တေလာဆွစ်ဟာ LGBT အရေးအတွက လှုပ်ရှားနေသူတွေကို ချစ်ခင်လေးစားကြောင်း အရင်က ပြောခဲ့ဖူးပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့မှာ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ စတင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)