ေျမထဲပင္လယ္ထဲမွာ သေဘၤာ ႏွစ္စီးတိုက္၊ ေလာင္စာဆီ ယိုဖိတ္

0
1177

တူနီးရွား ကုန္တင္သေဘၤာနဲ႔ ဆိုက္ပရပ္ ကြန္တိန္နာတင္ သေဘၤာတို႔ ေျမထဲပင္လယ္ထဲမွာ တိုက္မိၿပီး ေလာင္စာဆီေတြ ယိုဖိတ္ခဲ့လို႔ သဘာဝပတ္ဝန္းက်င္ ထိခိုက္မွာကို စိုးရိမ္ေနၾကပါတယ္။

သေဘၤာ ႏွစ္စီးဟာ ေအာက္တိုဘာ ၇ ရက္ေန႔က ျပင္သစ္ႏိုင္ငံပိုင္ ေကာ္စီကာကြ်န္းအနီးမွာ တိုက္မိခဲ့တာ ျဖစ္ၿပီး ထိခိုက္ဒဏ္ရာရသူေတာ့ မရွိခဲ့ပါဘူး။ သေဘၤာတိုက္မိမႈေၾကာင့္ ထိခိုက္ပ်က္စီးမႈ မ်ားေၾကာင္း၊ ဗာဂ်ီးနီယား ေဟာလ္ သေဘၤာမွာ မီတာေပါင္း မ်ားစြာ ပြင့္ထြက္သြားေၾကာင္း ေဒသဆိုင္ရာ ေရေၾကာင္း အာဏာပိုင္အဖြဲ႔က ေျပာပါတယ္။

သေဘၤာတိုက္မိၿပီး ေလာင္စာဆီ ယိုဖိတ္မႈကို ကိုင္တြယ္ႏိုင္ဖို႔ ျပင္သစ္၊ မိုနာကိုနဲ႔ အီတလီတို႔က အထူးသေဘၤာေတြ ေစလႊတ္ၿပီး ပတ္ဝန္းက်င္ ညစ္ညမ္းမႈကို တားဆီးဖို႔ ႀကိဳးစားေနၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြေထဲပင်လယ်ထဲမှာ သင်္ဘော နှစ်စီးတိုက်၊ လောင်စာဆီ ယိုဖိတ်

တူနီးရှား ကုန်တင်သင်္ဘောနဲ့ ဆိုက်ပရပ် ကွန်တိန်နာတင် သင်္ဘောတို့ မြေထဲပင်လယ်ထဲမှာ တိုက်မိပြီး လောင်စာဆီတွေ ယိုဖိတ်ခဲ့လို့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။

သင်္ဘော နှစ်စီးဟာ အောက်တိုဘာ ၇ ရက်နေ့က ပြင်သစ်နိုင်ငံပိုင် ကော်စီကာကျွန်းအနီးမှာ တိုက်မိခဲ့တာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ သင်္ဘောတိုက်မိမှုကြောင့် ထိခိုက်ပျက်စီးမှု များကြောင်း၊ ဗာဂျီးနီယား ဟောလ် သင်္ဘောမှာ မီတာပေါင်း များစွာ ပွင့်ထွက်သွားကြောင်း ဒေသဆိုင်ရာ ရေကြောင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။

သင်္ဘောတိုက်မိပြီး လောင်စာဆီ ယိုဖိတ်မှုကို ကိုင်တွယ်နိုင်ဖို့ ပြင်သစ်၊ မိုနာကိုနဲ့ အီတလီတို့က အထူးသင်္ဘောတွေ စေလွှတ်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုကို တားဆီးဖို့ ကြိုးစားနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)