
0
809




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဇင်ဘာဘွေ သမ္မတဟောင်း မူဂါဘီရဲ့ သားမက်ကို ရဲက အလိုရှိနေ

ဇင်ဘာဘွေ အာဏာရှင် သမ္မတဟောင်း ရောဘတ်မူဂါဘီရဲ့ သားမက်ကို လေကြောင်းလိုင်းကုမ္ပဏီ အရာရှိတစ်ဦးအား မတရား ဖမ်းဆီးချုပ်နှောင်မှုနဲ့ ရဲက အလိုရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာ ဇင်ဘာဘွေ လေကြောင်းလိုင်းက ဥပဒေဆိုင်ရာ အကြီးအကဲ ဘာသာ ဇာကီယိုကို သူ့ရဲ့ ရုံးခန်းထဲမှာ နှစ်နာရီကြား ထိန်းသိမ်းထားမှုနဲ့ မူဂါဘီရဲ့ သားမက် ဆင်ဘာ ချီကိုရီကို ရဲက အလိုရှိနေတာ ဖြစ်ပါတယ်။

ချီကိုရီရဲ့ လုံခြုံရေးအစောင့် ဆင်ဘာရာရှီ မူတင်ဘီကိုတော့ အောက်တိုဘာ ၆ ရက်နေ့က ဟာရာရီ တရားရုံးမှာ ခေါ်ယူစစ်ဆေးခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၀ နဲ့ အာမခံပေးထားပါတယ်။ ချိုကိုရီက လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)