
0
1383




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယူးယောက်မှာ ကားမှောက်လို့ လူပေါင်း ၂၀ သေဆုံး

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ပါတီတစ်ခုကို သွားမယ့်လူတွေကို တင်ဆောင်လာတဲ့ ဇိမ်ခံကားတစ်စီး တိမ်းမှောက်ကာ ချောက်ထဲထိုးကျသွားခဲ့လို့ လူပေါင်း ၂၀ ကျော် သေဆုံးသွားခဲ့ပါတယ်။

ကားထဲမှာပါတဲ့ လူပေါင်း ၁၈ ဦး သေဆုံးခဲ့ပြီး တခြား နှစ်ဦးက အဲဒီကားနဲ့ တိုက်မိလို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ကားဟာ စခိုဟာရီမြို့အနီးမှာ ချောက်ထဲ ထိုးကျသွားခဲ့တာ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

ကားမှောက်ရတဲ့ အကြောင်းအရင်းကို အတိအကျ မသိသေးဘူးလို့ ရဲတွေကပြောပါတယ်။ လက်ရှိအချိန်မှာ ကားမှောက်မှုကြောင့် သေဆုံးခဲ့တဲ့သူတွေရဲ့ အမည်စာရင်းကို စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)