
0
1155




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငလျင်နဲ့ ဆူနာမီ ဝင်ခဲ့တဲ့ အင်ဒိုနီးရှားမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လှုပ်ခတ်ခဲ့တဲ့ငလျင်နဲ့ ဆူနာမီလှိုင်းကြောင့် သေဆုံး၊ ပျောက်ဆုံးနေသူတွေ ရှာဖွေမှုကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ နောက်ဆုံးစာရင်းအရ သေဆုံးသူ ၂ ထောင်နီးပါး ရှိပါတယ်။

ငလျင်နဲ့ ဆူနာမီလှိုင်းကြောင့် အင်ဒိုနီးရှား ဆူလာဝေဆီကျွန်းမှာ လူရာချီ ပျောက်ဆုံးနေဆဲ ဖြစ်ပေမယ့် ရှာဖွေကယ်ဆယ်တာတွေကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှု ပြင်းထန်တဲ့ နေရာ နှစ်နေရာမှာ ပျောက်ဆုံးသူ ၅ ထောင်လောက် ရှိတဲ့အတွက် သေဆုံးသူ ဦးရေ တိုးလာနိုင်တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)