
0
962




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝန်ကြီးချုပ် ဟွန်ဆန်ကို ဂျပန်ရောက် ကမ္ဘောဒီးယားတွေ ဆန္ဒပြ

ဂျပန်နိုင်ငံရောက် ကမ္ဘောဒီးယားတွေက ကမ္ဘောဒီးယားနိုင်ငံမှာ ဇူလိုင်လက ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး တိုကျိုမြို့ လမ်းမတွေပေါ်ထွက်ကာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ရွေးကောက်ပွဲမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အာဏာရပါတီက လွှတ်တော်ရဲ့ ၁၂၅ နေရာစလုံးကို အနိုင်ရရှိခဲ့ပါတယ်။ အကြီးဆုံး အတိုက်အခံ ပါတီဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေး ပါတီ (CNRP) ကို တရားဝင်ဖျက်သိမ်းဖို့ အစိုးရက မနှစ်က နိုဝင်ဘာလမှာ ဖိအားပေးခဲ့တဲ့အတွက် ရွေးကောက်ပွဲရဲ့ တရားဝင်မှုအပေါ် သံသယတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဂျပန်နဲ့ အရှေ့တောင်အာရှ ငါးနိုင်ငံက ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာ ဟွန်ဆန်ရဲ့ခရီးစဉ်နဲ့ တိုက်ဆိုင်ပြီးတော့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)