ေျမာက္ကိုရီးယားနဲ႔ အေမရိကန္ၾကား ဒုတိယအႀကိမ္ ထိပ္သီးအစည္းေဝးလုပ္ဖု႔ိ သေဘာတူ

0
182

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္နဲ႔ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ပီယိုတို႔ ေတြ႔ဆံုမႈဟာ ေကာင္းမြန္တဲ့ ေတြ႔ဆံုမႈျဖစ္ခဲ့ၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ၾကား ဒုတိယအႀကိမ္ ထိပ္သီးေတြ႔ဆံု ေဆြးေႏြးပြဲလုပ္ဖုိ႔ သေဘာတူညီခဲ့တယ္လို႔ ေတာင္ကိုရီးယားသမၼတ႐ံုးက ေျပာပါတယ္။

 

ဝန္ႀကီး ပြန္ပီယိုက ႏ်ဴကလီးယား ဖ်က္သိမ္းေရး ေနာက္ထပ္ လုပ္ေဆာင္ႏုိင္ဖုိ႔ ေျမာက္ကိုရီးယားႏုိင္ငံဆီကို ၄ ႀကိမ္ေျမာက္ သြားေရာက္ခဲ့တာ ျဖစ္ပါတယ္။ ပြန္ပီယိုဟာ ေျမာက္ကိုရီးယားႏုိင္ငံကို ေရာက္ရွိခ်ိန္မွာ ႏ်ဴကလီးယား ဖ်က္သိမ္းေရးနဲ႔ ေျမာက္ကိုရီးယားႏုိင္ငံအေပၚ အေမရိကန္အစိုးရရဲ႕ လုပ္ရပ္ေတြနဲ႔ ပတ္သက္လို႔ အဓိကထား ေဆြးေႏြးခဲ့ပါတယ္။ ဒါ့အျပင္ ေျမာက္ကိုရီးယားႏုိင္ငံနဲ႔ အေမရိကန္ႏိုင္ငံၾကား ဒုတိယအႀကိမ္ ထိပ္သီးအစည္းအေဝး လုပ္ဖုိ႔ ေဆြးေႏြးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ဒုတိယအကြိမ် ထိပ်သီးအစည်းဝေးလုပ်ဖို့ သဘောတူ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုတို့ တွေ့ဆုံမှုဟာ ကောင်းမွန်တဲ့ တွေ့ဆုံမှုဖြစ်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကြား ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံ ဆွေးနွေးပွဲလုပ်ဖို့ သဘောတူညီခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတရုံးက ပြောပါတယ်။

ဝန်ကြီး ပွန်ပီယိုက နျူကလီးယား ဖျက်သိမ်းရေး နောက်ထပ် လုပ်ဆောင်နိုင်ဖို့ မြောက်ကိုရီးယားနိုင်ငံဆီကို ၄ ကြိမ်မြောက် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ပွန်ပီယိုဟာ မြောက်ကိုရီးယားနိုင်ငံကို ရောက်ရှိချိန်မှာ နျူကလီးယား ဖျက်သိမ်းရေးနဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ် အမေရိကန်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး လုပ်ဖို့ ဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)