တ႐ုတ္ႏိုင္ငံသား အင္တာပို အႀကီးအကဲကို ထိန္းသိမ္းထားေၾကာင္း တ႐ုတ္ဝန္ခံ

0
163

ႏိုင္ငံတကာ ရဲတပ္ဖြဲ႔ (အင္တာပို) အႀကီးအကဲ တ႐ုတ္ႏိုင္ငံသား မန္ေဟာင္ေဝ (၆၄ ႏွစ္)ကို ထိန္းသိမ္းထားေၾကာင္း တ႐ုတ္အစိုးရက ဝန္ခံလိုက္ၿပီး မန္ဟာအင္တာပိုကေနလည္း ႏုတ္ထြက္ခဲ့ၿပီးျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။

မန္ေဟာင္ေဝဟာ အလုပ္ကိစၥနဲ႔ ျပင္သစ္ကေန တ႐ုတ္ႏိုင္ငံကို ခရီးသြားခဲ့ၿပီးေနာက္ ေပ်ာက္ဆံုးေနေၾကာင္း သူ႔ရဲ႕ဇနီး ဂေရ႕စ္မန္က အေၾကာင္းၾကားခဲ့့ပါတယ္။ မေန႔က ေအာက္တိုဘာ ၈ ရက္မွာ ျပင္သစ္ႏိုင္ငံ၊ လိုင္ယြန္ၿမိဳ႕ အေျခစိုက္ အင္တာပိုက မန္ရဲ႕ ႏုတ္ထြက္စာကို လက္ခံရရွိေၾကာင္း ေျပာပါတယ္။

နာရီအနည္းငယ္အၾကာမွာ တ႐ုတ္အဂတိလုိက္စားမႈ တိုက္ဖ်က္ေရးအဖြဲ႔က မန္ဟာ ဥပေဒခ်ိဳးေဖာက္တယ္လို႔ သံသယရွိလို႔ ဖမ္းဆီးထိန္းသိမ္းထားေၾကာင့္ ေဘဂ်င္းအစိုးရက ခပ္တိုတို ထုတ္ျပန္ခ်က္တစ္ခု ထုတ္ျပန္ခဲ့ပါတယ္။ မန္ဟာ ကြန္ျမဴနစ္ပါတီ အဆင့္ျမင့္အဖြဲ႔ဝင္ျဖစ္ၿပီး ရာဇဝတ္မႈဥပေဒနဲ႔ပတ္သက္လို႔ ႏွစ္ ၄၀ အေတြ႔အႀကံဳရွိကာ ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလမွာ အင္တာပို အႀကီးအကဲအျဖစ္ ခန္႔အပ္ခံခဲ့ရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်နိုင်ငံသား အင်တာပို အကြီးအကဲကို ထိန်းသိမ်းထားကြောင်း တရုတ်ဝန်ခံ

နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို) အကြီးအကဲ တရုတ်နိုင်ငံသား မန်ဟောင်ဝေ (၆၄ နှစ်)ကို ထိန်းသိမ်းထားကြောင်း တရုတ်အစိုးရက ဝန်ခံလိုက်ပြီး မန်ဟာအင်တာပိုကနေလည်း နုတ်ထွက်ခဲ့ပြီးဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။

မန်ဟောင်ဝေဟာ အလုပ်ကိစ္စနဲ့ ပြင်သစ်ကနေ တရုတ်နိုင်ငံကို ခရီးသွားခဲ့ပြီးနောက် ပျောက်ဆုံးနေကြောင်း သူ့ရဲ့ဇနီး ဂရေ့စ်မန်က အကြောင်းကြားခဲ့ပါတယ်။ မနေ့က အောက်တိုဘာ ၈ ရက်မှာ ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မြို့ အခြေစိုက် အင်တာပိုက မန်ရဲ့ နုတ်ထွက်စာကို လက်ခံရရှိကြောင်း ပြောပါတယ်။

နာရီအနည်းငယ်အကြာမှာ တရုတ်အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က မန်ဟာ ဥပဒေချိုးဖောက်တယ်လို့ သံသယရှိလို့ ဖမ်းဆီးထိန်းသိမ်းထားကြောင့် ဘေဂျင်းအစိုးရက ခပ်တိုတို ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ မန်ဟာ ကွန်မြူနစ်ပါတီ အဆင့်မြင့်အဖွဲ့ဝင်ဖြစ်ပြီး ရာဇဝတ်မှုဥပဒေနဲ့ပတ်သက်လို့ နှစ် ၄၀ အတွေ့အကြုံရှိကာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ အင်တာပို အကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)