ဂ်ပန္ ေဟာ့ကုိင္းဒုိးကၽြန္းမွာ အင္အားျပင္းငလ်င္လႈပ္ၿပီး ေနာက္ဆက္တြဲငလ်င္ေတြ လႈပ္

0
285

ဂ်ပန္နိုင္ငံ ေဟာ့ကိုင္းဒိုးမွာ အင္အားျပင္းငလ်င္လႈပ္ခဲ့ၿပီးေနာက္ ေနာက္ဆက္တြဲငလ်င္ေတြလည္း ဆက္လႈပ္ေနပါတယ္။ ငလ်င္လႈပ္ခတ္မႈေၾကာင့္ ေသဆုံးသူ ၁၇ ဦးရွိၿပီး ၂၁ ဦး ေပ်ာက္ဆုံးေနဆဲ ျဖစ္ပါတယ္။

ရွာေဖြကယ္ဆယ္ေရးသမားေတြဟာ ငလ်င္ဗဟိုခ်က္အနီးက အာဆုမာ့(Atsuma)ၿမိဳ႕မွာ ကယ္ဆယ္ေရး သမား​ေတြဟာ ရွာေဖြမႈေတြကို အဓိကထားလုပ္ေဆာင္ေနပါတယ္။ ဂ်ပန္ငလ်င္တိုင္းတာေရးစနစ္အရ လႈပ္ခဲ့တဲ့ငလ်င္ဟာ ျပင္းအားအျမင့္ဆုံးအဆင့္မွာ ရွိပါတယ္။ အဲဒါေၾကာင့္ ေျမၿပိဳမႈေတြ အႀကီးအက်ယ္ျဖစ္ခဲ့ရပါတယ္။

မဂၢနီက်ဳဒ္ ၆.၇ ရွိတဲ့ ငလ်င္ဟာ ပထမဦးဆုံးလႈပ္ခဲ့ၿပီးေနာက္ ေနာက္ဆက္တြဲငလ်င္ အႀကိမ္ေပါင္း ၁၀၀ ေက်ာ္ လႈပ္ခဲ့တယ္လို႔ မိုးေလဝသေအဂ်င္စီအရာရွိေတြက ေျပာပါတယ္။ ေထာင္နဲ႔ခ်ီတဲ့သူေတြဟာ ခ႐ုိင္အႏွံ႔မွာရွိတဲ့ ခိုလႈံေရးစခန္းေတြမွာ တိမ္းေရွာင္ေနထိုင္ေနၾကရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန် ဟော့ကိုင်းဒိုးကျွန်းမှာ အင်အားပြင်းငလျင်လှုပ်ပြီး နောက်ဆက်တွဲငလျင်တွေ လှုပ်

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးမှာ အင်အားပြင်းငလျင်လှုပ်ခဲ့ပြီးနောက် နောက်ဆက်တွဲငလျင်တွေလည်း ဆက်လှုပ်နေပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၇ ဦးရှိပြီး ၂၁ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ ငလျင်ဗဟိုချက်အနီးက အာဆုမာ့(Atsuma)မြို့မှာ ကယ်ဆယ်ရေး သမား​တွေဟာ ရှာဖွေမှုတွေကို အဓိကထားလုပ်ဆောင်နေပါတယ်။ ဂျပန်ငလျင်တိုင်းတာရေးစနစ်အရ လှုပ်ခဲ့တဲ့ငလျင်ဟာ ပြင်းအားအမြင့်ဆုံးအဆင့်မှာ ရှိပါတယ်။ အဲဒါကြောင့် မြေပြိုမှုတွေ အကြီးအကျယ်ဖြစ်ခဲ့ရပါတယ်။

မဂ္ဂနီကျုဒ် ၆.၇ ရှိတဲ့ ငလျင်ဟာ ပထမဦးဆုံးလှုပ်ခဲ့ပြီးနောက် နောက်ဆက်တွဲငလျင် အကြိမ်ပေါင်း ၁၀ဝ ကျော် လှုပ်ခဲ့တယ်လို့ မိုးလေဝသအေဂျင်စီအရာရှိတွေက ပြောပါတယ်။ ထောင်နဲ့ချီတဲ့သူတွေဟာ ခရိုင်အနှံ့မှာရှိတဲ့ ခိုလှုံရေးစခန်းတွေမှာ တိမ်းရှောင်နေထိုင်နေကြရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)