
0
273




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေကို တိုက်ခိုက်ဖို့ ဂျော်ဒန်ကို တပ်ဖွဲ့တွေ စေလွှတ်မယ်

အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေကို တိုက်ခိုက်ဖို့ ဂျော်ဒန်နိုင်ငံကို ဖိလစ်ပိုင်တပ်ဖွဲ့တွေ စေလွှတ်သွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက လုပ်ဆောင်နိုင်တဲ့အရာတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး ဖိလစ်ပိုင်မှာ တပ်ဖွဲ့ဝင် အနည်းငယ်သာရှိမယ်ဆိုရင်လည်း အစွန်းရောက်အဖွဲ့တွေကို တိုက်ခိုက်ဖို့ စေလွှတ်မယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတဟာ အစ္စရေးနဲ့ ဂျော်ဒန်နိုင်ငံကို ၆ ရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက်နေရာ ဂျော်ဒန်ဘုရင်အဒူလာနဲ့ တွေဆုံချိန်မှာ စစ်သားတွေစေလွှတ်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဂျော်ဒန်နိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံ အစွန်းရောက်စစ်သွေးကြွအဖွဲ့တွေကို တိုက်ခိုက်ချိန်တုန်းက ရဟတ်ယာဉ်တွေ ကူညီပေးခဲ့ဖူး ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)