၀က္ဖုိဒ့္နည္းျပ ဂ်ာဗီဂါစီယာ ပရီးမီယားလိဂ္ တစ္လတာ အေကာင္းဆံုးဆုရ

0
177

၀က္ဖုိဒ့္ အသင္းနည္းျပ ဂ်ာဗီဂါစီယာ ၾသဂုတ္လအတြက္ ပရီးမီယားလိဂ္ တစ္လတာ အေကာင္းဆံုးနည္းျပအျဖစ္ ေရြးခ်ယ္ခံခဲ့ရပါတယ္။

ဂါစီယာဟာ ၀က္ဖိုဒ့္အသင္းကို ပရီးမိယားလိဂ္ၿပိဳင္ပြဲ စတင္ခ်ိန္မွာပဲ ကစားခဲ့တဲ့ ၄ ပြဲစလံုး အႏုိင္ရေအာင္ စြမ္းေဆာင္ခဲ့လို႔ အခုလိုမ်ိဳး အေကာင္းဆံုးနည္းျပ ဆုခ်ီးျမင့္ခံရတာ ျဖစ္ပါတယ္။

၀က္ဖိုဒ့္ဟာ အမွတ္ေပးဇယားမွာ ခ်ဲလ္ဆီး၊ လီဗာပူအသင္းေနာက္ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနပါတယ္။ ဂါစီယာဟာ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာက ပရီးမီယားလိဂ္ တစ္လတာ အေကာင္းဆံုးဆုကိုရခဲ့တဲ့ နည္းျပဆန္ခ်က္စ္ဖလုိရက္စ္ ေနာက္ပိုင္း၀က္ဖိုဒ့္နည္းျပေတြထဲမွာ အေကာင္းဆံုးတစ္လတာ နည္းျပဆုကို ျပန္ရယူႏုိင္ခဲ့သူ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၀က်ဖိုဒ့်နည်းပြ ဂျာဗီဂါစီယာ ပရီးမီယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆုရ

ဝက်ဖိုဒ့် အသင်းနည်းပြ ဂျာဗီဂါစီယာ သြဂုတ်လအတွက် ပရီးမီယားလိဂ် တစ်လတာ အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဂါစီယာဟာ ဝက်ဖိုဒ့်အသင်းကို ပရီးမိယားလိဂ်ပြိုင်ပွဲ စတင်ချိန်မှာပဲ ကစားခဲ့တဲ့ ၄ ပွဲစလုံး အနိုင်ရအောင် စွမ်းဆောင်ခဲ့လို့ အခုလိုမျိုး အကောင်းဆုံးနည်းပြ ဆုချီးမြင့်ခံရတာ ဖြစ်ပါတယ်။

ဝက်ဖိုဒ့်ဟာ အမှတ်ပေးဇယားမှာ ချဲလ်ဆီး၊ လီဗာပူအသင်းနောက် အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ဂါစီယာဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာက ပရီးမီယားလိဂ် တစ်လတာ အကောင်းဆုံးဆုကိုရခဲ့တဲ့ နည်းပြဆန်ချက်စ်ဖလိုရက်စ် နောက်ပိုင်းဝက်ဖိုဒ့်နည်းပြတွေထဲမှာ အကောင်းဆုံးတစ်လတာ နည်းပြဆုကို ပြန်ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)