
0
256

 





>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားကို စစ်ရေးသုံးနည်းလမ်း မသုံးဘူးလို့ ဒေါ်နယ်ထရမ့်ပြော

အမေရိကန်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးအရ အရေးယူမယ့်နေ့ဟာ ကိုရီးယားတွေ အတွက် အလွန်ဝမ်းနည်းဖွယ် ကောင်းတဲ့နေ့ ဖြစ်လာမှာမို့လို့ စစ်ရေးအရ အရေးယူမှာ မဟုတ်ဘူးလို့ သမ္မတထရမ့်ကာ ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပိတ်ဆို့မှုတွေ ရှိနေတဲ့ကြားကနေ နျူကလီးယား စမ်းသပ်မှုတွေ၊ ဒုံးကျည်စမ်းသပ်မှုတွေ ဆက်လက် လုပ်ဆောင်နေတာကြောင့် အမေရိကန်ဟာ စစ်ရေးနည်းလမ်းထက် တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေ ပိုမိုချမှတ်သွားဖို့သာ ပြင်ဆင်နေပါတယ်။

မြောက်ကိုရီးယားနိုင်ငံနဲ့ သံတမန်နည်းလမ်းအတိုင်း ဆွေးနွေးမှုလုပ်ဖို့ တိုက်တွန်းမှုတွေ ရှိပေမယ့် အမေရိကန်က လက်ရှိအချိန်ဟာ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ရမယ့်အချိန် မဟုတ်ဘူးလို့ သမ္မတ ထရမ့်က ပြောထားပါတယ်။ တရုတ်နဲ့ ရုရှားနိုင်ငံကတော့ အမေရိကန် နိုင်ငံအနေနဲ့ မြောက်ကိုရီးယားကို ပိတ်ဆို့မှုတွေ ပြုလုပ်နေမယ့်အစား ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)