ၾသစေၾတးလ် လက္နက္ ျဖဳတ္သိမ္းေရးကာလမွာ ေသနတ္ ၂၆၀၀၀ အပ္ႏွံ

0
334

ၾသစေၾတးလ်ရဲ႕ ပထမဆံုးျဖစ္တဲ့ လက္နက္ဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္ ကာလအျဖစ္ မွတ္ပံုတင္မထားတဲ့ လက္နက္ေတြကို လြတ္လပ္စြာ အပ္ႏွံခြင့္ ျပဳထားရာမွာ ၿပီးခဲ့တဲ့ ႏွစ္လအတြင္း လာေရာက္အပ္ႏွံတဲ့ ေသနတ္ေပါင္း ၂ ေသာင္း ၆ ေထာင္ ရွိသြားၿပီ ျဖစ္ပါတယ္။

ဒီလို လက္နက္ေတြ အေျမာက္အျမား အပ္ႏွံတာဟာ ႀကီးမားတဲ့ ရလဒ္ျဖစ္တယ္၊ ၾသစေၾတးလ်သားေတြဟာ သူတို႔ကိုယ္သူတို႔နဲ႔ သူတို႔ မိသားစုေတြကို အကာအကြယ္ေပးဖို႔ စိုးရိမ္မႈ ရွိေနၾကတာကို ျပေနတယ္၊ ဇူလိုင္လ ၁ ရက္ကစလို႔ တစ္ရက္ကို လက္နက္ ၄၆၄ လက္ႏႈန္း လာေရာက္ အပ္ႏွံေနပါတယ္လို႔ တရားေရးဝန္ႀကီး မိုက္ကယ္ ကီနန္က ေျပာပါတယ္။

ေသနတ္ေတြကို နယူေဆာက္သ္ေဝးလ္မွာ ၁၃၄၆၈ လက္၊ ကြင္းစလန္မွာ ၇၀၀၀ လက္၊ ဗစ္တိုးရီးယားမွာ ၂၁၅၀ လက္၊ တက္စ္ေမးနီးယားမွာ ၁၁၃၆ လက္နဲ႔ ၾသစေၾတးလ် ေတာင္ပိုင္းမွာ ၁၃၃၈ လက္ အပ္ႏွံၾကပါတယ္။ ၾသစေၾတးလ်ၿမိဳ႕ေတာ္ ပိုင္နက္အတြင္းမွာ ေသနတ္ ၂၆၄ လက္၊ ၾသစေၾတးလ် အေနာက္ပိုင္းမွာ ၅၂၁ လက္နဲ႔ ေျမာက္ပိုင္း ပိုင္နက္မွာ ၁၂၂ လက္ အသီးသီး အပ္ႏွံၾကပါတယ္။

၂၀၁၇ ခုႏွစ္ လက္နက္ဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္အရ ၾသစေၾတးလ်မွာ မွတ္ပံုတင္မထားတဲ့ ေသနတ္ေတြကို လာေရာက္ အပ္ႏွံဖို႔ ႏိႈးေဆာ္ထားတာျဖစ္ၿပီး ၾသစေၾတးလ် ေထာက္လွမ္းေရးရဲ႕ ခန္႔မွန္းခ်က္အရ တရားမဝင္တဲ့ ေသနတ္ေပါင္း ၂ သိန္း ၆ ေသာင္းေလာက္ ရွိမယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

သြစတြေးလျ လက်နက် ဖြုတ်သိမ်းရေးကာလမှာ သေနတ် ၂၆၀ဝ၀ အပ်နှံ

သြစတြေးလျရဲ့ ပထမဆုံးဖြစ်တဲ့ လက်နက်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် ကာလအဖြစ် မှတ်ပုံတင်မထားတဲ့ လက်နက်တွေကို လွတ်လပ်စွာ အပ်နှံခွင့် ပြုထားရာမှာ ပြီးခဲ့တဲ့ နှစ်လအတွင်း လာရောက်အပ်နှံတဲ့ သေနတ်ပေါင်း ၂ သောင်း ၆ ထောင် ရှိသွားပြီ ဖြစ်ပါတယ်။

ဒီလို လက်နက်တွေ အမြောက်အမြား အပ်နှံတာဟာ ကြီးမားတဲ့ ရလဒ်ဖြစ်တယ်၊ သြစတြေးလျသားတွေဟာ သူတို့ကိုယ်သူတို့နဲ့ သူတို့ မိသားစုတွေကို အကာအကွယ်ပေးဖို့ စိုးရိမ်မှု ရှိနေကြတာကို ပြနေတယ်၊ ဇူလိုင်လ ၁ ရက်ကစလို့ တစ်ရက်ကို လက်နက် ၄၆၄ လက်နှုန်း လာရောက် အပ်နှံနေပါတယ်လို့ တရားရေးဝန်ကြီး မိုက်ကယ် ကီနန်က ပြောပါတယ်။

သေနတ်တွေကို နယူဆောက်သ်ဝေးလ်မှာ ၁၃၄၆၈ လက်၊ ကွင်းစလန်မှာ ၇၀ဝ၀ လက်၊ ဗစ်တိုးရီးယားမှာ ၂၁၅၀ လက်၊ တက်စ်မေးနီးယားမှာ ၁၁၃၆ လက်နဲ့ သြစတြေးလျ တောင်ပိုင်းမှာ ၁၃၃၈ လက် အပ်နှံကြပါတယ်။ သြစတြေးလျမြို့တော် ပိုင်နက်အတွင်းမှာ သေနတ် ၂၆၄ လက်၊ သြစတြေးလျ အနောက်ပိုင်းမှာ ၅၂၁ လက်နဲ့ မြောက်ပိုင်း ပိုင်နက်မှာ ၁၂၂ လက် အသီးသီး အပ်နှံကြပါတယ်။

၂၀၁၇ ခုနှစ် လက်နက်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အရ သြစတြေးလျမှာ မှတ်ပုံတင်မထားတဲ့ သေနတ်တွေကို လာရောက် အပ်နှံဖို့ နှိုးဆော်ထားတာဖြစ်ပြီး သြစတြေးလျ ထောက်လှမ်းရေးရဲ့ ခန့်မှန်းချက်အရ တရားမဝင်တဲ့ သေနတ်ပေါင်း ၂ သိန်း ၆ သောင်းလောက် ရှိမယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)