ႏ်ဴကလီးယား စမ္းသပ္မႈကို ကန္႔ကြက္ၿပီး ေျမာက္ကိုရီးယား သံအမတ္ကို မကၠဆီကို ႏွင္ထုတ္

0
288

လက္ခံႏိုင္ဖြယ္ရာ မရွိဘူးဆိုတဲ့ ေၾကညာခ်က္နဲ႔ ေျမာက္ကိုရီးယား သံအမတ္ႀကီး ကင္မ္ ဟယြန္ ဂီလ္ကို မကၠဆီကို အစိုးရက မေန႔က      စက္တင္ဘာ ၇ ရက္ေန႔မွာ ႏိုင္ငံကေန ႏွင္ထုတ္လိုက္ပါတယ္။

ၿပံဳယမ္းက ေျခာက္ႀကိမ္ေျမာက္နဲ႔ အင္အားအႀကီးဆံုး စမ္းသပ္မႈျဖစ္တဲ့ ဟိုက္ဒ႐ိုဂ်င္ဗံုးကို မၾကာခင္က စမ္းသပ္ေဖာက္ခြဲလိုက္ၿပီးေနာက္ ဒီလို တံု႔ျပန္မႈမ်ိဳး ေပၚေပါက္လာတာ ျဖစ္ပါတယ္။

ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရးကို ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီးယား စမ္းသပ္မႈက အျပင္းအထန္ အႏၱရာယ္ေပးေနပါတယ္၊ ေဒသတြင္းႏိုင္ငံေတြၾကား၊ အထူးသျဖင့္ မကၠဆီကိုရဲ႕ မဟာမိတ္ေတြျဖစ္တဲ့ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားအတြက္ ၿခိမ္းေျခာက္မႈ ျဖစ္ေနတယ္ လို႔ မကၠဆီကို အစိုးရရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နျူကလီးယား စမ်းသပ်မှုကို ကန့်ကွက်ပြီး မြောက်ကိုရီးယား သံအမတ်ကို မက္ကဆီကို နှင်ထုတ်

လက်ခံနိုင်ဖွယ်ရာ မရှိဘူးဆိုတဲ့ ကြေညာချက်နဲ့ မြောက်ကိုရီးယား သံအမတ်ကြီး ကင်မ် ဟယွန် ဂီလ်ကို မက္ကဆီကို အစိုးရက မနေ့က စက်တင်ဘာ ၇ ရက်နေ့မှာ နိုင်ငံကနေ နှင်ထုတ်လိုက်ပါတယ်။

ပြုံယမ်းက ခြောက်ကြိမ်မြောက်နဲ့ အင်အားအကြီးဆုံး စမ်းသပ်မှုဖြစ်တဲ့ ဟိုက်ဒရိုဂျင်ဗုံးကို မကြာခင်က စမ်းသပ်ဖောက်ခွဲလိုက်ပြီးနောက် ဒီလို တုံ့ပြန်မှုမျိုး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုက အပြင်းအထန် အန္တရာယ်ပေးနေပါတယ်၊ ဒေသတွင်းနိုင်ငံတွေကြား၊ အထူးသဖြင့် မက္ကဆီကိုရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားအတွက် ခြိမ်းခြောက်မှု ဖြစ်နေတယ် လို့ မက္ကဆီကို အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)