လက္နက္ကြ်မ္းက်င္သူ IS ႏွစ္ဦး ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေသဆံုး

0
455

ဆီးရီးယားမွာ အေမရိကန္ ဦးေဆာင္တဲ့ ညြန္႔ေပါင္းအဖြဲ႔ရဲ႕ ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ လက္နက္ကြ်မ္းက်င္သူ IS အၾကမ္းဖက္သမား ႏွစ္ဦး ေသဆံုးသြားပါတယ္။

ေမာင္သူမဲ့ ဒ႐ုန္းေတြကို အသံုးျပဳရာမွာ ကြ်မ္းက်င္တဲ့ စစ္ေသြးၾကြ အင္ဂ်င္နီယာ ႏွစ္ဦးကို ပစ္မွတ္ထားၿပီး ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တာ ျဖစ္တယ္လို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္မွာ ညြန္႔ေပါင္းတပ္ဖြဲ႔ရဲ႕ ေျပာခြင့္ရသူ ဗိုလ္မႉးႀကီး ႐ိုင္ယန္ ဒီလြန္က မေန႔က စက္တင္ဘာ ၇ ရက္ေန႔မွာ ေျပာပါတယ္။

ညြန္႔ေပါင္းတပ္ဖြဲ႔ေတြနဲ႔ ပူးေပါင္းၿပီး အီရတ္တပ္ေတြက တစ္လၾကာ တိုက္ထုတ္လို႔ အီရတ္ကေန IS အၾကမ္းဖက္သမားေတြကို ေမာင္းထုတ္လို႔ ေအာင္ျမင္လုနီးပါး ျဖစ္ေနပါၿပီ။ IS ေတြ အရင္က ေျခကုပ္ယူထားတဲ့ မိုဆူးလ္ၿမိဳ႕ကေနေတာ့ ဇူလိုင္လကတည္းက တိုက္ထုတ္ႏိုင္ခဲ့ၿပီး တစ္လအၾကာမွာ တဲလ္ အဖာၿမိဳ႕နဲ႔ နီနဗက္ခ႐ိုင္ကေန IS အၾကမ္းဖက္အဖြဲ႔ေတြကို တိုက္ထုတ္ႏိုင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လက်နက်ကျွမ်းကျင်သူ IS နှစ်ဦး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး

ဆီးရီးယားမှာ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လက်နက်ကျွမ်းကျင်သူ IS အကြမ်းဖက်သမား နှစ်ဦး သေဆုံးသွားပါတယ်။

မောင်သူမဲ့ ဒရုန်းတွေကို အသုံးပြုရာမှာ ကျွမ်းကျင်တဲ့ စစ်သွေးကြွ အင်ဂျင်နီယာ နှစ်ဦးကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်မှာ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ရိုင်ယန် ဒီလွန်က မနေ့က စက်တင်ဘာ ၇ ရက်နေ့မှာ ပြောပါတယ်။

ညွန့်ပေါင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး အီရတ်တပ်တွေက တစ်လကြာ တိုက်ထုတ်လို့ အီရတ်ကနေ IS အကြမ်းဖက်သမားတွေကို မောင်းထုတ်လို့ အောင်မြင်လုနီးပါး ဖြစ်နေပါပြီ။ IS တွေ အရင်က ခြေကုပ်ယူထားတဲ့ မိုဆူးလ်မြို့ကနေတော့ ဇူလိုင်လကတည်းက တိုက်ထုတ်နိုင်ခဲ့ပြီး တစ်လအကြာမှာ တဲလ် အဖာမြို့နဲ့ နီနဗက်ခရိုင်ကနေ IS အကြမ်းဖက်အဖွဲ့တွေကို တိုက်ထုတ်နိုင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)