ရေတပ်တီးဝိုင်းမှာ ပါဝင်သွားမယ့် ပတ်ဘိုဂန်း

0
478

တောင်ကိုရီးယား သရုပ်ဆောင် ပတ်ဘိုဂန်းဟာ စစ်မှုထမ်းကာလအတွင်း ရေတပ်တီးဝိုင်းမှာ ပါဝင်ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ပတ်ဘိုဂန်းရဲ့ အနုပညာအေဂျင်စီက တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

ပတ်ဘိုဂန်းဟာ ငယ်စဉ်ကလေးဘဝ သူငယ်တန်းအရွယ်မှ စတင်ကာ စန္ဒယားတီးတာကို လေ့လာသင်ယူခဲ့ကာ သရုပ်ဆောင်မဖြစ်ခင် ကာလများမှာလည်း စန္ဒယား ပညာရှင်အဖြစ် ရပ်တည်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

သူဟာ မြောင်ဂျီတက္ကသိုလ်ကနေ Musical Theater အဓိက ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ အသက် ၂၆ နှစ် ရှိပြီဖြစ်တဲ့ ပတ်ဘိုဂန်းဟာ တောင်ကိုရီးယား ရေတပ်က ဖွဲ့စည်းထားတဲ့ Naval Culture Promotion Group မှာ အဖွဲ့ဝင်အဖြစ် အခုကတည်းက ပါဝင်ဆောင်ရွက်ဖို့ သဘောတူထားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပတ်ဟာ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှ စတင်ကာ စစ်မှုတာဝန် ထမ်းဆောင်ရမှာ ဖြစ်ပြီး သူရဲ့ စစ်မှုထမ်းကာလဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလကျမှ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ပတ်ဘိုဂန်းဟာ ရေတပ်တီးဝိုင်းမှာ ပါဝင်ဆောင်ရွက်ဖို့အတွက် လူတွေ့စစ်ဆေးမှုနဲ့ စန္ဒယား တီးခတ်ခြင်းအဆင့်များကို ကျော်လွန်ခဲ့ဖြစ်ပြီး အဖွဲ့ဝင်အဖြစ် ရေတပ်ဌာနချုပ်မှ သဘောတူထားပြီ ဖြစ်တယ်လို့ သတင်းထုတ်ပြန်မှုမှာ ဖော်ပြပါတယ်။

ပတ်ဘိုဂန်းဟာ ရေတပ်တီးဝိုင်းမှာ ပါဝင်ဖို့အတွက် တွန်းအားပေးခဲ့သူကတော့ သူ့ရဲ့ဖခင်ဖြစ်ပြီး ပတ်ရဲ့ဖခင်ဟာ အငြိမ်းစား ရေတပ်အရာရှိတစ်ဦး ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိခင်က ကွယ်လွန်ခဲ့တာကြောင့် ပတ်ဟာ ဖခင်ရဲ့ ထိန်းကျောင်းမှုနဲ့ ကြီးပြင်းခဲ့ရသူလည်း ဖြစ်ပါတယ်။

စဈမှုတာဝနထြမြးဆောငဖြို့ အခွိနရြောကရြှိလာခွိနမြှာ သူ့ဖခငတြာဝနယြူခဲ့တဲ့ ရတပေမြှာ တာဝနြ ထမြးဆောငလြိုပမယေ့ြ ရတပေမြှာ တာဝနထြမြးဆောငဖြို့အတှကြ စှမြးရညမြွားစှာ လိုအပတြာကှောင့ြ သူကွှမြးကငွတြဲ့ ဂီတနဲ့ ရတပေတြီးဝိုငြးမှာ ပါဝငဆြောငရြှကဖြို့ ပတဘြိုဂနြးက ဆနျဒရှိနတောလညြး ဖှဈပါတယြ။

_________________

_________________

ရတေပျတီးဝိုငျးမှာ ပါဝငျသှားမယျ့ ပတျဘိုဂနျး 

တောင်ကိုရီးယား သရုပ်ဆောင် ပတ်ဘိုဂန်းဟာ စစ်မှုထမ်းကာလအတွင်း ရေတပ်တီးဝိုင်းမှာ ပါဝင်ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ပတ်ဘိုဂန်းရဲ့ အနုပညာအေဂျင်စီက တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။ 

ပတ်ဘိုဂန်းဟာ ငယ်စဉ်ကလေးဘဝ သူငယ်တန်းအရွယ်မှ စတင်ကာ စန္ဒယားတီးတာကို လေ့လာသင်ယူခဲ့ကာ သရုပ်ဆောင်မဖြစ်ခင် ကာလများမှာလည်း စန္ဒယား ပညာရှင်အဖြစ် ရပ်တည်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ 

သူဟာ မြောင်ဂျီတက္ကသိုလ်ကနေ Musical Theater အဓိက ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ အသက် ၂၆ နှစ် ရှိပြီဖြစ်တဲ့ ပတ်ဘိုဂန်းဟာ တောင်ကိုရီးယား ရေတပ်က ဖွဲ့စည်းထားတဲ့ Naval Culture Promotion Group မှာ အဖွဲ့ဝင်အဖြစ် အခုကတည်းက ပါဝင်ဆောင်ရွက်ဖို့ သဘောတူထားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ပတ်ဟာ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှ စတင်ကာ စစ်မှုတာဝန် ထမ်းဆောင်ရမှာ ဖြစ်ပြီး သူရဲ့ စစ်မှုထမ်းကာလဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလကျမှ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ပတ်ဘိုဂန်းဟာ ရေတပ်တီးဝိုင်းမှာ ပါဝင်ဆောင်ရွက်ဖို့အတွက် လူတွေ့စစ်ဆေးမှုနဲ့ စန္ဒယား တီးခတ်ခြင်းအဆင့်များကို ကျော်လွန်ခဲ့ဖြစ်ပြီး အဖွဲ့ဝင်အဖြစ် ရေတပ်ဌာနချုပ်မှ သဘောတူထားပြီ ဖြစ်တယ်လို့ သတင်းထုတ်ပြန်မှုမှာ ဖော်ပြပါတယ်။ 

ပတ်ဘိုဂန်းဟာ ရေတပ်တီးဝိုင်းမှာ ပါဝင်ဖို့အတွက် တွန်းအားပေးခဲ့သူကတော့ သူ့ရဲ့ဖခင်ဖြစ်ပြီး ပတ်ရဲ့ဖခင်ဟာ အငြိမ်းစား ရေတပ်အရာရှိတစ်ဦး ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိခင်က ကွယ်လွန်ခဲ့တာကြောင့် ပတ်ဟာ ဖခင်ရဲ့ ထိန်းကျောင်းမှုနဲ့ ကြီးပြင်းခဲ့ရသူလည်း ဖြစ်ပါတယ်။ 

စစ်မှုတာဝန်ထမ်းဆောင်ဖို့ အချိန်ရောက်ရှိလာချိန်မှာ သူ့ဖခင်တာဝန်ယူခဲ့တဲ့ ရေတပ်မှာ တာဝန် ထမ်းဆောင်လိုပေမယ့် ရေတပ်မှာ တာဝန်ထမ်းဆောင်ဖို့အတွက် စွမ်းရည်များစွာ လိုအပ်တာကြောင့် သူကျွမ်းကျင်တဲ့ ဂီတနဲ့ ရေတပ်တီးဝိုင်းမှာ ပါဝင်ဆောင်ရွက်ဖို့ ပတ်ဘိုဂန်းက ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)