အင်ဒိုနီးရှားက ရေတွင်းထဲမှာ ခြောက်ရက်ကြာ ပိတ်မိနေတဲ့ ဗြိတိန်နိုင်ငံသားကို ကယ်ထုတ်

0
285

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိ ရေတွင်းတစ်ခုထဲမှာ ခြောက်ရက်ကြာ ပိတ်မိနေတဲ့ ဗြိတိန်နိုင်ငံသားကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဇွန်လ ၇ ရက်နေ့မှာ ပြောပါတယ်။

၁၃ ပေကျော်နက်တဲ့ ရေတွင်းထဲ ကျနေသူ အသက် ၂၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဂျက်ကော့ဘ် ရောဘတ်ကို ပေကာတူရွာက လယ်သမားတစ်ဦးက တွေ့ရှိလို့ အာဏာပိုင်တွေကို အကြောင်းကြားခဲ့တာပါ။

ရေတွင်းထဲကနေ အကူအညီတောင်းနေတဲ့အသံကို လယ်သမားတစ်ဦးက ကြားခဲ့တာ ဖြစ်ကြောင်း၊ ရောဘတ်ဟာ ရွာထဲက ဖြတ်အပြန် ခွေးလိုက်လို့ ပြေးရာက ရေတွင်းထဲ ကျခဲ့တာဖြစ်ကြောင်း၊ ရေတွင်းပျက်ထဲ ဟပ်ထိုးလဲကျခဲ့ကာ ခြေထောက်ကျိုးသွားခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ဂျီဒီ ဒါမာဒါက ပြောပါတယ်။


__________________

__________________

အင်ဒိုနီးရှားက ရေတွင်းထဲမှာ ခြောက်ရက်ကြာ ပိတ်မိနေတဲ့ ဗြိတိန်နိုင်ငံသားကို ကယ်ထုတ်

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိ ရေတွင်းတစ်ခုထဲမှာ ခြောက်ရက်ကြာ ပိတ်မိနေတဲ့ ဗြိတိန်နိုင်ငံသားကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဇွန်လ ၇ ရက်နေ့မှာ ပြောပါတယ်။

၁၃ ပေကျော်နက်တဲ့ ရေတွင်းထဲ ကျနေသူ အသက် ၂၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဂျက်ကော့ဘ် ရောဘတ်ကို ပေကာတူရွာက လယ်သမားတစ်ဦးက တွေ့ရှိလို့ အာဏာပိုင်တွေကို အကြောင်းကြားခဲ့တာပါ။

ရေတွင်းထဲကနေ အကူအညီတောင်းနေတဲ့အသံကို လယ်သမားတစ်ဦးက ကြားခဲ့တာ ဖြစ်ကြောင်း၊ ရောဘတ်ဟာ ရွာထဲက ဖြတ်အပြန် ခွေးလိုက်လို့ ပြေးရာက ရေတွင်းထဲ ကျခဲ့တာဖြစ်ကြောင်း၊ ရေတွင်းပျက်ထဲ ဟပ်ထိုးလဲကျခဲ့ကာ ခြေထောက်ကျိုးသွားခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ဂျီဒီ ဒါမာဒါက ပြောပါတယ်။

ရောဘတ်ဟာ ဒဏ်ရာရထားပြီး ပိန်လှီအားနည်းနေကြောင်း၊ ဒေသန္တရ ဆေးရုံကို အမြန်ပို့ဆောင် ကုသပေးထားကြောင်းလည်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောပါတယ်။      

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)