ပရိသတ်အကြိုက်တွေ့နေတဲ့ ထိုင်းရုပ်သံဇာတ်လမ်းတွဲ My Husband in Law

0
308

ထိုင်းရုပ်သံလိုင်းဖြစ်တဲ့ Channel 3 ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြနေသနေတဲ့ My Husband in Law (อกเกือบหักแอบรักคุณสามี) ရုပ်သံဇာတ်လမ်းဟာ လတ်တလောမှာတော့ နိုင်ငံတကာက ရုပ်သံဇာတ်လမ်း ကြိုက်ကြတဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။

ဒီရုပ်သံဇာတ်လမ်းကို အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့ ထိုင်းစံတော်ချိန် ည ၈ နာရီ ၂၀ မိနစ်မှာ ထုတ်လွှင့်ပြနေတာဖြစ်ကာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က စတင်ပြသခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၁ ရက်နေ့မှာ ပြသတဲ့ ဇာတ်လမ်းအပိုင်းမှာတော့ ထိုင်းနိုင်ငံတွင်းသာမက နိုင်ငံတကာမှ ရုပ်သံဇာတ်လမ်းကြိုက် ပရိသတ်များကပါ အွန်လိုင်းကတဆင့် အားပေးခဲ့တာကြောင့် ထိုင်းရုပ်သံသမိုင်းမှာ နိုင်ငံတကာ ပရိသတ်များက အွန်လိုင်းကဆင့် အားပေးမှု စံချိန်တင်ရတဲ့ ရုပ်သံဇာတ်လမ်းဖြစ်နေပါတယ်။

ဒီရုပ်သံဇာတ်လမ်းမှာ ထိုင်းနာမည်ကြီး ရုပ်သံသရုပ်ဆောင်များဖြစ်တဲ့ မာ့ခ် ပရင် ဆူပါရတ် (Mark Prin Suparat) နဲ့ မူး နစ်ထာ ဂျီရာယွန်ယန်း (Mew Nittha Jirayungyurn) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်း အမျိုးအစားကတော့ အချစ်၊ ဟာသ၊ အိမ်ထောင်ရေး ဇာတ်လမ်းဖြစ်ကာ ငယ်စဉ်ကတည်းက မိသားစုချင်း ရင်းနှီးခဲ့ကြတဲ့ ထင်နဲ့ မေတို့ဟာ မမျှော်လင့်ဘဲ လက်ထပ်ခဲ့ရပါတယ်။ မိန်းကလေးများကြားမှာ အထူးရေပန်းစားပြီး ဗိသုကာ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ထင်ဟာ မေကို ညီမလေးတစ်ဦးလိုပဲ သံယောဇဉ် ရှိခဲ့ပါတယ်။ မေကတော့ ငယ်စဉ်ကတည်းက ထင့်အပေါ် တိတ်တခိုး ချစ်ခဲ့ရကာ သူတို့ လက်ထပ်ပွဲအတွက် ရင်ခုန်ခဲ့ရပါတယ်။

ဒါ့အပြင် မေဟာ သူချစ်ရတဲ့ ထင့်အပေါ် ကျရောက်လာမယ့် အန္တရာယ်တွေကို ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပါတယ်။ သူတို့နှစ်ဦး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချစ်ကြဖို့အတွက် အနှောင့်အယှက်များနဲ့ ရင်ဆိုင်ကြရပုံကို စိတ်လှုပ်ဖွယ်ရာ ရိုက်ကူးထားပါတယ်။


____________________

____________________

ပရိသတ်အကြိုက်တွေ့နေတဲ့ ထိုင်းရုပ်သံဇာတ်လမ်းတွဲ My Husband in Law 

ထိုင်းရုပ်သံလိုင်းဖြစ်တဲ့ Channel 3 ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြနေသနေတဲ့ My Husband in Law (อกเกือบหักแอบรักคุณสามี) ရုပ်သံဇာတ်လမ်းဟာ လတ်တလောမှာတော့ နိုင်ငံတကာက ရုပ်သံဇာတ်လမ်း ကြိုက်ကြတဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။ 

ဒီရုပ်သံဇာတ်လမ်းကို အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့ ထိုင်းစံတော်ချိန် ည ၈ နာရီ ၂၀ မိနစ်မှာ ထုတ်လွှင့်ပြနေတာဖြစ်ကာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က စတင်ပြသခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၁ ရက်နေ့မှာ ပြသတဲ့ ဇာတ်လမ်းအပိုင်းမှာတော့ ထိုင်းနိုင်ငံတွင်းသာမက နိုင်ငံတကာမှ ရုပ်သံဇာတ်လမ်းကြိုက် ပရိသတ်များကပါ အွန်လိုင်းကတဆင့် အားပေးခဲ့တာကြောင့် ထိုင်းရုပ်သံသမိုင်းမှာ နိုင်ငံတကာ ပရိသတ်များက အွန်လိုင်းကဆင့် အားပေးမှု စံချိန်တင်ရတဲ့ ရုပ်သံဇာတ်လမ်းဖြစ်နေပါတယ်။ 

ဒီရုပ်သံဇာတ်လမ်းမှာ ထိုင်းနာမည်ကြီး ရုပ်သံသရုပ်ဆောင်များဖြစ်တဲ့ မာ့ခ် ပရင် ဆူပါရတ် (Mark Prin Suparat) နဲ့ မူး နစ်ထာ ဂျီရာယွန်ယန်း (Mew Nittha Jirayungyurn) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ 

ဇာတ်လမ်း အမျိုးအစားကတော့ အချစ်၊ ဟာသ၊ အိမ်ထောင်ရေး ဇာတ်လမ်းဖြစ်ကာ ငယ်စဉ်ကတည်းက မိသားစုချင်း ရင်းနှီးခဲ့ကြတဲ့ ထင်နဲ့ မေတို့ဟာ မမျှော်လင့်ဘဲ လက်ထပ်ခဲ့ရပါတယ်။ မိန်းကလေးများကြားမှာ အထူးရေပန်းစားပြီး ဗိသုကာ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ထင်ဟာ မေကို ညီမလေးတစ်ဦးလိုပဲ သံယောဇဉ် ရှိခဲ့ပါတယ်။ မေကတော့ ငယ်စဉ်ကတည်းက ထင့်အပေါ် တိတ်တခိုး ချစ်ခဲ့ရကာ သူတို့ လက်ထပ်ပွဲအတွက် ရင်ခုန်ခဲ့ရပါတယ်။ 

ဒါ့အပြင် မေဟာ သူချစ်ရတဲ့ ထင့်အပေါ် ကျရောက်လာမယ့် အန္တရာယ်တွေကို ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပါတယ်။ သူတို့နှစ်ဦး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချစ်ကြဖို့အတွက် အနှောင့်အယှက်များနဲ့ ရင်ဆိုင်ကြရပုံကို စိတ်လှုပ်ဖွယ်ရာ ရိုက်ကူးထားပါတယ်။ 

ဇာတ်လမ်းတွဲထဲမှာ မြန်မာနိုင်ငံ၊ ထားဝယ်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှာ တာဝန် ထမ်းဆောင်နေကြပုံတွေ၊ ဒါ့အပြင် မြန်မာနိုင်ငံရှိ နာမည်ကြီး စေတီပုထိုးများနဲ့ ခရီးသွားလုပ်ငန်းမှာ နာမည်ကြီးတဲ့ ဒေသတွေကိုပါ သွားရောက်ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းလည်း ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)