ထရမ့်ဟိုတယ် အပြင်ဘက်မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ

0
169

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တမ်မြို့လယ်ရှိ ထရမ့် နိုင်ငံတကာ ဟိုတယ်နဲ့ တာဝါရှေ့က အတားအဆီးတွေကို ဇွန်လ ၇ ရက်နေ့က ဖယ်ရှားလိုက်ပြီးနောက် တာဝါရှေ့မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပါတယ်။

လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေက “Throw him out” ၊ “No Justice, No Peace” လို့ အော်ဟစ်ခဲ့ကြပါတယ်။ နယူးယောက်မှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တဲ့ သီတင်းတစ်ပတ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အဓိကရုဏ်း နှိမ်နင်းရေးမှာ ဆောင်းတဲ့ ဦးထုပ်တွေကို မဆောင်းကြတော့ဘဲ ဆန္ဒပြသူတွေကို စောင့်ကြည့်ရုံ ကြည့်တာ တွေ့ရပါတယ်။

ကိုလံဘတ် အဝိုင်းရှိ ထရမ့်ဟိုတယ်အနီး အတားအဆီးတွေကို ဆန္ဒပြသူတွေ ဖြတ်သန်းနိုင်အောင် ရဲတွေက ဖယ်ရှားပေးခဲ့ကြပါတယ်။


___________________

___________________


အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တမ်မြို့လယ်ရှိ ထရမ့် နိုင်ငံတကာ ဟိုတယ်နဲ့ တာဝါရှေ့က အတားအဆီးတွေကို ဇွန်လ ၇ ရက်နေ့က ဖယ်ရှားလိုက်ပြီးနောက် တာဝါရှေ့မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပါတယ်။

လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေက “Throw him out” ၊ “No Justice, No Peace” လို့ အော်ဟစ်ခဲ့ကြပါတယ်။ နယူးယောက်မှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တဲ့ သီတင်းတစ်ပတ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အဓိကရုဏ်း နှိမ်နင်းရေးမှာ ဆောင်းတဲ့ ဦးထုပ်တွေကို မဆောင်းကြတော့ဘဲ ဆန္ဒပြသူတွေကို စောင့်ကြည့်ရုံ ကြည့်တာ တွေ့ရပါတယ်။

ကိုလံဘတ် အဝိုင်းရှိ ထရမ့်ဟိုတယ်အနီး အတားအဆီးတွေကို ဆန္ဒပြသူတွေ ဖြတ်သန်းနိုင်အောင် ရဲတွေက ဖယ်ရှားပေးခဲ့ကြပါတယ်။

နယူးယောက် မြို့တော်ဝန် ဘီလ် ဒီ ဘလာစီနိုက ဇွန်လ ၆ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြမှုရလဒ်အဖြစ် ဇွန်လ ၇ ရက်မှာ ညမထွက်ရအမိန့်ကို ဖယ်ရှားပေးလိုက်ပါတယ်။ ငြိမ်းချမ်းစွာ အမြင်ထုတ်ဖော်သူတွေကို ကျေးဇူးတင်ကြောင်း၊ ညမထွက်ရအမိန့် ရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြောင်းနဲ့ နယူးယောက်စီးတီးမှာ ညမထွက်ရအမိန့် ထုတ်ပြန်ဖို့ လိုအပ်တာ အခုက နောက်ဆုံးအကြိမ်ဖြစ်ဖို့ မျှော်လင့်ကြောင်း မြို့တော်ဝန် ဘလာစီနိုက ပြောပါတယ်။  

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)