အကြမ်းဖက်မှုဖြစ်စဉ်အပြီး နောက်ထပ်သုံးဦး လန်ဒန်အရှေ့ပိုင်းမှာ ထပ်မံဖမ်းဆီး

0
282

လန်ဒန်မြို့အရှေ့ပိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ၀င်ရောက်စီးနင်းမှုအပြီးမှာ အကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ဟာ နောက်ထပ်သုံးဦးကို ထပ်မံဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးမိသူသုံးဦးအနက် နှစ်ဦးမှာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး တစ်ဦးကိုတော့ မှုးယစ်ဆေးမှုနဲ့ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့စနေနေ့က အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခဲ့သူ ၁၇ ဦးကို ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ သံသယရှိသူ ၅ ဦးကိုတော့ ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်ပါတယ်။

လူတွေကို ဓါးနဲ့လိုက်လံမထိုးခင်မှာ လန်ဒန်တံတားပေါ်က လမ်းလျှောက်သွားလာနေသူတွေကို ကားနဲ့ဝင်တိုက်ခဲ့တာကြောင့် လူ ၈ ဦးသေဆုံးခဲ့ရပါတယ်။
ဗုဒ္ဓဟူးနေ့ ညပိုင်းက လန်ဒန်အရှေ့ပိုင်းဒေသမှာ အကြမ်းဖက်မှုတန်ပြန်အဖွဲ့က စီးနင်းဝင်ရောက်မှုပြုလုပ်ခဲ့ပြီး သံသယတရားခံ သုံးဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်မှုနဲ့ဆက်နွယ်သူ အမျိုးသား ၂၇ နှစ်တစ်ဦး၊ ၂၉ နှစ်တစ်ဦး ဖမ်းဆီးခဲ့ပြီး မှုးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)