သမုဒ္ဒရာမှာ ပလပ်စတစ်ကြောင့် ညစ်ညမ်းမှု ကိုယ်စီတာဝန်ယူမယ်လို့ အာရှနိုင်ငံတွေ ကတိပြု

0
314

ကမ္ဘာ့သမုဒ္ဒရာတွေမှာ ပလပ်စတစ်တွေ ညစ်ညမ်းမှုဖြစ်စေတဲ့နေရာမှာ တာဝန်ရှိတဲ့ နိုင်ငံတွေက သူတို့ရဲ့လုပ်ဆောင်ခဲ့မှုအပေါ် တာဝန်ယူပြီး သန့်ရှင်းရေး ပြန်လည်လုပ်ဆောင်မယ်လို့ ကတိပြုပြောကြားလိုက်ပါတယ်။

တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်က သံတမန်တွေဟာ ကုလသမဂ္ဂရဲ့သမုဒ္ဒရာညီလာခံမှာ ပင်လယ်ပြင်တွေအတွင်း ပလပ်စတစ်ကင်းစင်ရေးအတွက် လုပ်ဆောင်ကြမယ်လို့ ကတိပြုပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ကတိပြုပြောကြားချက်တချို့ဟာ တရားဝင်မဖြစ်သေးသလို လက်ရှိအရေးပေါ်လုပ်ဆောင်ရမယ့် ပမာဏနဲ့လည်း အဆိုပါ နိုင်ငံတွေရဲ့အဆိုပြုချက်က ကိုက်ညီမှုမရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂအရာရှိတွေကတော့ အဆိုပါပြုချက်တွေကို ချီးကျုးပြောဆိုခဲ့ပါတယ်။ သမုဒ္ဒရာညစ်ညမ်းမှုကို ပြောင်းလဲနိုင်ဖို့အတွက် အခုအစည်းအဝေးက အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း သံတမန်တွေက နယူးယောက်ခ်မြို့မှာ ကျင်းပခဲ့တဲ့ အဆိုပါအစည်းအဝေးမှာ ပြောကြားခဲ့ကြပါတယ်။

နှစ်စဉ်သမုဒ္ဒရာတွေအတွင်း ပလပ်စတစ်တန်ချိန်ပေါင်း ၅ သန်းကနေ ၁၃ သန်းအထိ စီးဝင်နေကြောင်းကျွမ်းကျင်သူတွေက ခန့်မှန်း ထားပါတယ်။
ဒီ ပလပ်စတစ်အများစုကို ငှက်နဲ့ငါးတွေက မြိုချမိကြပြီး ပင်လယ်ကြမ်းပြင်အောက်မှာရှိတဲ့ အော်ဂစ်နစ်ဇင်လေးတွေမှာလည်း ပလပ်စတစ် အမှုန်အမွှားတွေကို မြင်တွေ့နေရပါတယ်။

စားသုံးမှုထုတ်ကုန်တွေကို ထုတ်လုပ်မှုပမာဏက စွန့်ထုတ်ပစ္စည်းတွေကို ခန့်ခွဲနိုင်စွမ်းထက် ပိုမိုနေတဲ့ဖွံ့ဖြိုးပြီးနိုင်ငံတွေကြောင့် အဆိုပါ ပလပ်စတစ်အများစု သမုဒ္ဒရာထဲရောက်ရှိရခြင်းဖြစ်ကြောင်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်က ဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)