အီရန်မှာ အက်ဆစ်ပက်ပြီး တိုက်ခိုက်မှု ၁၆ ဦး ဒဏ်ရာရ

0
254

အီရန်နိုင်ငံ တီဟီရန်မြို့မှာ ဆိုင်ကယ်သမား တစ်ဦးက လမ်းသွားလမ်းလာ လူတောထဲကို အက်ဆစ်နဲ့ပက်လို့ ၁၆ ဦး ဒဏ်ရာရသွားပါတယ်။

ဇွန်လ ၇ ရက်နေ့ တီဟီရန်မှာ ပါလီမန် တိုက်ခိုက်ခံရမှုမှာ ကလေးငယ်တစ်ယောက်ကို ကယ်ထုတ်နေစဉ်

အက်ဆစ်နဲ့ တိုက်ခိုက်မှုဟာ တီဟီရန် တောင်ပိုင်းမှာ ဒီနေ့ ဇွန်လ ၈ ရက်နေ့ မနက်က ဖြစ်ပွားခဲ့တာပါ။ အီရန်မှာ အရင်ကလည်း အက်ဆစ်နဲ့ တိုက်ခိုက်မှုတွေ မကြာခန ဖြစ်ပွားခဲ့ပါတယ်။

မနေ့က ဇွန်လ ၇ ရက်နေ့မှာလည်း IS ရဲ့ ကြိုးကိုင်မှုနဲ့ အသေခံဗုံးခွဲသမားတွေနဲ့ သေနတ်သမားတွေ အီရန် ပါလီမန်မှာ ဝင်ပစ်ခတ် ဗုံးခွဲလို့ အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)