ရှန်ဟိုင်းမှာ ကိုကင်းနဲ့လုပ်ထားတဲ့ ခရီးဆောင်သေတ္တာတွေ ဖမ်းဆီးမိ

0
230

တစ်ခုလုံးနီးပါး ကိုကင်းနဲ့ပြုလုပ်ထားတဲ့ ခရီးဆောင်သေတ္တာနှစ်လုံးကို တရုတ်နိုင်ငံအတွင်း မှောင်ခိုသယ်ဆောင်ဖို့ ကြိုးစားတဲ့ တောင်အမေရိကနိုင်ငံက အမျိုးသမီတစ်ဦးက ရှန်ဟိုင်းမြို့က အကောက်ခွန်အရာရှိတွေက ဖမ်းဆီးလိုက်ပါတယ်။

အမည်မဖော်ပြတဲ့ တောင်အမေရိကနိုင်ငံတစ်နိုင်ငံက အမျိုးသမီးရဲ့ခရီးဆောင်သေတ္တာတွေကို လေဆိပ်အာဏာပိုင်တွေက အိတ်စ် ရေးနဲ့ ရိုက်ကြည့်ခဲ့ပါတယ်။

အိတ်စ်ရေးမြင်ကွင်းအရ သေတ္တာတွေဟာ ပုံမှန်ရှိရမယ့်အရောင်ထက်ပိုပြီး နက်မှောင်နေတာကို အာဏာပိုင်တွေ တွေ့ရှိခဲ့ရပြီး ဘာမှထည့်မထားရင်တောင် ပုံမှန်ထက်ပိုလေးလံနေတာကို စစ်ဆေးတွေ့ရှိခဲ့ ကြရတာဖြစ်ပါတယ်။

စမ်းသပ်ချက်အရ သေတ္တာတစ်လုံးကို ကိုကင်း ၂၂ ပေါင်နဲ့ ပြုလုပ်ထားတာကို အာဏာပိုင်တွေ တွေ့ရှိခဲ့ကြရပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က ယခုမှ သတင်းထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

 

မူးယစ်ဆေးမှောင်ခိုသမားတွေဟာ ကိုကင်းကိုနည်းပေါင်းစုံနဲ့ သယ်ဆောင်ဖို့ ကြံဆနေကြပြီး ၀ိုင်ထဲရောထည့်တာ၊ ခြေတုတစ်ခု လုံးမှာ ကိုကင်းအပြည့်ထည့်ထားတာတွေကိုလုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လအတွင်းကလည်း တရုတ်စုံတွဲတစ်တွဲဟာ ၀ိုင်ထဲရော ထည့်ပြီး ကိုကင်းတွေ သယ်လာတာကို အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ပါတယ်။

ပုံမှန်အားဖြင့် ကိုယ်ခန္ဓာမှာ ၀ှက်ပြီးယူသလို ခရီးဆောင်အိတ်အတွင်းမှာ ထည့်ဝှက်ထားတတ်ကြတာကို စစ်ဆေးတွေ့ရှိရပါတယ်။

ဒါပေမဲ့ ကိုကင်းကိုမာအောင်ပြုလုပ်ပြီး ခရီးဆောင်သေတ္တာတစ်ခုလုံးပုံစံသွင်းပြီး အာဏာပိုင်တွေ မျက်စေ့ အောက်ကနေ ဗြောင် သယ်ဆောင်မှုကတော့ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါအမျိုးသမီးကို ခရီးဆောင်သေတ္တာဖွင့်ပြီးအကုန်ထုတ်ခိုင်းချိန်မှာ အာဏာပိုင်တွေ သံသယဖြစ်စရာဘာမှမတွေ့ခဲ့ရဘဲ သေတ္တာအခွံကိုပဲ တွေ့ခဲ့ကြရပါတယ်။

ဒါပေမဲ့ အာဏာပိုင်တွေက ပုံမှန်ရှိသင့်တဲ့အလေးချိန်ထက်ပိုများနေတဲ့ ခရီးဆောင်သေတ္တာအပေါ် သံသယဖြစ်ရာကနေ အခုလို မှုးယစ်ဆေးမှောင်ခိုသယ်ဆောင်မှုကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဥရောပမှာတော့ ကိုကင်းကိုမာအောင်လုပ်ပြီး ကော်နဲ့ကပ်ပြီးပုံစံသွင်းထားတဲ့ အရာဝတ္ထုပုံစံတစ်မျိုးမျိုးနဲ့ သယ်ဆောင်တဲ့အလား တူ ကျုးလွန်မှုတွေ ဖြစ်ပွားခဲ့ဖူးကြောင်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)