၄၅ နှစ်ကြာ ပုန်းရှောင်နေတဲ့ ၀ရမ်းပြေးကို ဂျပန်အာဏာပိုင်တွေ ဖမ်းဆီးမိ

0
301

လွန်ခဲ့တဲ့နှစ်ပေါင်း ၄၅ နှစ်အကြာက တိုကျိုမြို့လမ်းမပေါ်က ဆန္ဒပြပွဲမှာ ရဲအရာရှိတစ်ဦးကို သတ်ဖြတ်ခဲ့သူ လက်ဝဲယိမ်း တော်လှန်ရေးသမား မာဆာကီအိုဆာကာကို ဂျပန်အာဏာပိုင်တွေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ရေနံဆီလက်လုပ်ဗုံးကို အသုံးပြုပြီး ရဲအရာရှိကို အိုဆာကာက မီးရှို့သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ အိုဆာကာဟာ တရားဥပဒေလက်ကနေ ပြေးနိုင်ပေမယ့် လုံအောင်မပုန်းနိုင်ခဲ့ဘူးလို့ ဆိုရမှာပါ။

ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့ရှည်လျားလှတဲ့ ဥပဒေလက်တံကနေ အခြားသံသယတရားခံ ရာဇ၀တ်သားတွေ အခုလောက်ကြာကြာ မပြေးနိုင်ခဲ့ဘူးလို့ ဂျပန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဂျပန်နိုင်ငံမှာ လူသတ်မှု အတွက် အမှုကိုပိတ်သိမ်းမယ့်အချိန်ကန့်သတ်ချက် မရှိကြောင်း သိရှိရပါတယ်။

၁၅ နှစ်အကြာမှာ အမှုပိတ်သိမ်းမယ့် နည်းဥပဒေကို ၂၀၁၀ ပြည့်နှစ်မှာ ဂျပန်အစိုးရက ရုပ်သိမ်းခဲ့ပါတယ်။
ဂျပန်တော်လှန်ရေးအဖွဲ့ချုပ် ဒါမှမဟုတ် ချုကာကုဟာအဖွဲ့ပိုင်တဲ့ ဟီရိုရှီးမားမြို့က တိုက်ခန်းတစ်ခုမှာ ပြီးခဲ့တဲ့လအတွင်း အိုဆာကာကို အာဏာပိုင်တွေက ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ရဲမှတ်တမ်းအရ ဖမ်းမိချိန်ကစပြီး အိုဆာကာဟာ ဘာစကားမှမပြောဘဲတိတ် ဆိတ်နေခဲ့ပါတယ်။ ရာဇ၀တ်မှုကျုးလွန်ချိန်က လက်ဗွေရာရှာမတွေ့ခဲ့တာကြောင့် ရဲအရာရှိတွေက အိုဆာကာရဲ့ဒီအန်အေကို စစ်ဆေးခဲ့ကြရပါတယ်။

တရားခံအိုဆာကာဟာ လက်ဝဲယိမ်းပါတီရဲ့ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးဖြစ်နေတာကြောင့် ပါတီဝင်တွေရဲ့ ကူညီပံ့ပိုးမှုနဲ့ အခုလို အချိန် အကြာကြီး ပုန်းရှောင်နေနိုင်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါလက်ဝဲယိမ်းချုကာကုဟာအဖွဲ့ကို ၁၉၅၀ ပြည့်နှစ်နှောင်းပိုင်းမှ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၁၉၆၀ ပြည့်နှစ်များနဲ့ ၁၉၇၀ ပြည့်နှစ်များ ကာလတ၀ိုက်မှာ အဆိုပါပါတီဟာ လမ်းမမှာ အကြမ်းဖက် ဆန္ဒပြမှုနဲ့ ကျော်ကြားလာခဲ့ပါတယ်။

ဂျပန်တော်လှန်ရေးအဖွဲ့ချုပ် – JRCL က အဓိကအားဖြင့် ဂျပန်မြေပေါ်မှာ အမေရိကန်တပ်တွေရှိနေတဲ့ကို ကန့်ကွက်ဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အိုဆာကာရဲ့လူသတ်မှုကို ကူညီပေးခဲ့သူလို့ စွပ်စွဲချက်နဲ့ ၁၉၇၂ ခုနှစ်မှာ လူတစ်ဦးကို အရေးယူခဲ့ပါသေးတယ်။

ဒါပေမဲ့ အဆိုပါပုဂ္ဂိုလ်ဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိနေတာကြောင့် အာဏာပိုင်တွေက အမှုကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)