ပြင်သစ်မှာ မာရွန်အနိုင်ရမှု ကမ္ဘာမီဒီယာတွေ အကောင်းမြင်သုံးသပ်

0
268

ပြင်သစ်နိုင်ငံရဲ့ ဒုတိယအကျော့သမ္မတရွေးကောက်ပွဲမှာ အီမန်နျူရယ်မာရွန် အနိုင်ရရှိမှုအပေါ် ကမ္ဘာ့မီဒီယာတွေက အကောင်း ဘက်ကနေ သုံးသပ်ဖော်ပြခဲ့ကြပေမယ့်လည်း သတိထားစောင့်ကြည့်ရမယ့် အခြေအနေလို့ ပြောဆိုခဲ့ပါတယ်။

Financial Times သတင်းစာက မာရွန်အနိုင်ရမှုကို ချီးကျုးဖော်ပြခဲ့ပေမယ့် မာရွန်ရဲ့အောင်ပွဲက မပြည့်စုံသေးဘူးလို့ ဖော်ပြသွား ခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲက ပြင်သစ်လက်ယာစွန်းဝါဒကို အရင်ကမရှိဖူးခဲ့တဲ့အတိုင်းအတာအထိ တရားဝင်ဖြစ်အောင် လုပ်လိုက်သလိုဖြစ်ခဲ့ကြောင်း ဝေဖန်ဖော်ပြခဲ့ပါတယ်။

Guardian သတင်းစာကတော့ မာရွန်အနေနဲ့ အရှေ့မှာ ခက်ခဲတဲ့လမ်းကို ဆက်လျှောက်ဖို့ရှိနေကြောင်းနဲ့ ပြင်သစ်မဲဆန္ဒရှင်တွေ ကို ချီးကျုးဖော်ပြခဲ့ပါတယ်။ သူတို့ဟာ မာရွန်ကိုရွေးချယ်ခဲ့ကြတဲ့အတွက် ဥရောပကို ပိုပြီးလုံခြုံဘေးကင်းမယ့်အခြေအနေဖြစ် အောင် ဆုံးဖြတ်ပေးခဲ့ကြတာလို့ Guardian သတင်းစာက ဖြော်ပခဲ့ပါတယ်။

ပြင်သစ် Le Monde သတင်းဝက်ဘ်ဆိုက်ဒ်ကတော့ မာရွန်ရဲ့ဓါတ်ပုံကို ဦးစားပေးဖော်ပြပြီး ပြင်သစ်ကို ကာကွယ်မယ်၊ ဒါဟာ အသက်တမျှအရေးကြီးတဲ့အကျိုးစီးပွားပဲလို့ မာရွန်ကို ကိုးကားပြီးဖော်ပြထားပါတယ်။

New York Times သတင်းစာကတော့ မာရွန်အပြတ်အသတ် အနိုင်ရခဲ့တယ်ဆိုတာလောက်ပဲ ဖော်ပြခဲ့ပြီး အဆိုပါသတင်းကို အကျယ်တ၀င့် ဝေဖန်ရေးသားချက် မလုပ်ခဲ့တာကို တွေ့ရှိရပါတယ်။

ပြင်သစ် Le Temps သတင်းဌာနကတော့ ပျော်ရွင်အောင်ပွဲခံနေတဲ့ မာရွန်ထောက်ခံသူတွေရဲ့ဓါတ်ပုံကို ဖော်ပြခဲ့ပြီး ပြင်သစ်ပြည် သူတွေဟာ နိုင်ငံကို ပြုပြင်ပြောင်းလဲဖို့အတွက် လူအသစ်ကိုရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဖြော်ပသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)