အမေရိကန်နိုင်ငံသား ကင်မ်ဟတ်ဆောင်ကို ဖမ်းဆီးထားကြောင်း မြောက်ကိုရီးယားပြော

0
305

တိုင်းပြည်အပေါ် ရန်လိုဖက်ပြိုင်ပြုမှုသံသယနဲ့ လေးဦးမြောက် အမေရိကန်နိုင်ငံသားအဖြစ် ကင်မ်ဟတ်ဆောင်ဆိုသူကို ဖမ်း ဆီးထားကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။

ကင်မ်ဟတ်ဆောင်က ပြုံယမ်းသိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ အလုပ်လုပ်သူဖြစ်ပါတယ်။ အဆိုပါတက္ကသိုလ်မှာအလုပ်လုပ်သူ ကင်မ်ဆောင်ဒတ်ခ်အပါအ၀င် အခြားအမေရိကန်နိုင်ငံသား သုံးဦးကိုလည်း မြောက်ကိုရီးယားက ဖမ်းဆီးထားပါတယ်။

အမေရိကန်နိုင်ငံသားတွေကို နိုင်ငံရေးကစားရာမှာ နယ်ရုပ်အဖြစ်အသုံးချဖို့ ဖမ်းဆီးနေတာဖြစ်တယ်လို့ ပြုံယမ်းအစိုးရကို အမေရိ ကန်နိုင်ငံက စွပ်စွဲခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင် KCNA ရုပ်သံသတင်းဌာနကတော့ သူတို့အနေနဲ့ ကင်မ်ဟတ်ဆောင်ကို သင့်လျော်တဲ့အဖွဲ့အစည်းတွေ ကနေ စစ်ဆေးမေးမြန်းနေတာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

အမေရိကန်ပြည်ထဲရေးကတော့ အမေရိကန်နိုင်ငံသားတစ်ဦး မြောက်ကိုရီးယားမှာ ဖမ်းဆီးခံနေရတာကို ပြုံယမ်းရှိ ဆွီဒင်သံရုံးက နေတဆင့် ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်အထိ အမေရိကန်-မြောက်ကိုရီးယား တရားဝင် သံတမန်လမ်းကြောင်း မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)