ရဲကိုဓားနဲ့ထိုးဖို့ ကြိုးစားတဲ့ ပါလက်စတိုင်း ၁၆ နှစ်သမီး ပစ်သတ်ခံရ

0
281

ဂျေရုစလင်မြို့ဟောင်း အ၀င်ပေါက်အနီးမှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတဲ့ ပါလက်စတိုင်း ဆယ်ကျော်သက်ဟာ အပစ်မခံရမီ ရဲ တပ်ဖွဲ့ဝင်တွေကို ဓားနဲ့ထိုးဖို့ကြိုးပမ်းခဲ့ကြောင်း အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။

ဒက်မတ်စကတ်ဂိတ်မှာ ဓားကိုင်ထားတဲ့ အသက် ၁၆ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသမီးတစ်ဦးက အစ္စရေးရဲအရာရှိတွေဆီကို ချဉ်းကပ်ခဲ့တာဖြစ်ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါဂိတ်ပေါက်ဝနေရာဟာ ဂျေရုစလင်မြို့ဟောင်းအ၀င်နေရာ ဖြစ်ပြီး ပြီးခဲ့တဲ့လအနည်းငယ်ကလည်း အလားတူဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပါတယ်။

တိုက်ခိုက်သူဟာ ရာမဲလ်လာဒေသမြောက်ပိုင်းက ဖာတမာဟာဂျီဂျီဖြစ်ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက
ပြောပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ မငြိမ်မသက်ဖြစ်မှုကြောင့် ပါလက်စတိုင်း ၂၆၂ ဦး၊ အစ္စရေး ၄၁ဦး၊ အမေရိ ကန်နှစ်ဦး၊ ဂျော်ဒန်တစ်ဦး၊ အီရစ်ထရီယန်တစ်ဦး၊ ဆူဒန်လူမျိုးတစ်ဦးနဲ့ ဗြိတိန်တစ်ဦး သေဆုံးခဲ့ပါတယ်။

အသတ်ခံရတဲ့ပါလက်စတိုင်းအများစုဟာ ဓား၊ သေနတ် သယ်ဆောင်လာသူ ဒါမှမဟုတ် ကားအသုံးပြုအကြမ်းဖက်မှုတွေ ပြုလုပ် သူတွေ ဖြစ်ကြောင်း အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။

အခြားသေဆုံးသူတွေကတော့ ဆန္ဒပြပွဲနဲ့ အဓိကရုဏ်းဖြစ်စဉ်တွေမှာ ပစ်သတ်ခံရတာဖြစ်ပြီး အချို့ပါလက်စတိုင်းတွေက ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြောင့် အဓိကရုဏ်းဖြစ်မှုတွေဟာ မကြာသေးခင်လပိုင်းအတွင်းမှာ အရှိန်လျော့ကျလာတာကို တွေ့ရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)