ပြင်သစ်ရွေးကောက်ပွဲမှာ မေရီလေပန်းကို အနိုင်ရပြီး မာရွန် သမ္မတဖြစ်လာ

0
264

မေလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ လက်ယာစွန်းပါတီခေါင်းဆောင် မေရီလေပန်ကို ပြတ်ပြတ်သား အနိုင်ရပြီး အီမန်နျူရယ်မာရွန် သမ္မတဖြစ်သွားပါတယ်။

မာရွန် ၃၉ နှစ်ဟာ ပြင်သစ်နိုင်ငံရဲ့ အသက်အငယ်ဆုံး သမ္မတဖြစ်လာခဲ့ပြီး မဲအားဖြင့် ၆၆.၀၆ ရာခိုင်နူန်းရာရှိခဲ့ပြီး မေရီလေပန်က တော့ ၃၃.၉၄ရာခိုင်နူန်း မဲရရှိခဲ့တာကြောင့် မဲအရေအတွက် အပြတ်အသတ် ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

၁၉၅၈ ခုနှစ်မှာ ခေတ်သစ်ပြင်သစ်နိုင်ငံထူထောက်ခဲ့ပြီးနောက်ပိုင်း အစဉ်အလာအရ အနိုင်ရခဲ့တဲ့ပါတီနှစ်ခုက မဟုတ်တဲ့ သမ္မတ တစ်ဦး ပြင်သစ်မှာ ပထမဆုံးအကြိမ်ရွေးကောက် တင်မြှောက်ခံခဲ့ရတာဖြစ်လို့ ပြင်သစ်နိုင်ငံရေးလောကရဲ့ကြီးမားတဲ့အပြောင်းအလဲ နိဒါန်းလို့ ဆိုရမှာပဲဖြစ်ပါတယ်။

ပြင်သစ်သမိုင်းရဲ့စာမျက်နှာသစ်ကို ဖွင့်လှစ်ချင်ပါတယ်လို့ သမ္မတမာရွန်က ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)