ခွင့်ပြုချက်မရဘဲ ဧ၀ရတ်တောင်တက်လို့ တောင်အာဖရိက နိုင်ငံသား ဖမ်းဆီးခံရ

0
288

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ခြေအထက်မှာရှိတဲ့ တောင်တက်လမ်းကြောင်းမှာ တောင်အာဖရိကနိုင်ငံသားတစ်ဦးကို တောင် တက်ခွင့်ပြုချက်မရှိဘဲ တက်ရောက်မှုနဲ့ နီပေါအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါတောင်အာဖရိကနိုင်ငံသားဟာ ဂျိုဟန်နက်စ်ဘတ်ဂ်မြို့က ရိုင်ယန်ရှောင်ဒေဗီဆိုသူဖြစ်ကြောင်း နီပေါခရီးသွားလုပ်ငန်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဧ၀ရတ်တောင်ရဲ့ တောင်တက်စခန်း (၁)မှာ ရက်သတ္တပတ်အတန်ကြာနေထိုင်ခဲ့ပြီး ဒေဗီဟာ ပြင်းထန်တဲ့ရာသီဥတုနဲ့ သူ့ရဲ့ဇီဝကမ္မဖြစ်စဉ်ကို အသားကျအောင် စောင့်ဆိုင်းနေခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ဒါဟာ တောင်တက်သမား တိုင်း ဆောင်ရွက်နေကျ လုပ်ထုံးတစ်ခုဖြစ်ပြီး ဒေဗီဟာ တရားဝင်ခွင့်ပြုချက်မရှိဘဲတက်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ထိန်းသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

နိုင်ငံခြားသား တောင်တက်သမားတွေဟာ ဧ၀ရတ်တောင်တက်ရောက်ဖို့အတွက် ခွင့်ပြုမိန့်ရရှိဖို့ ဒေါ်လာ ၁၁၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

မစ္စတာဒေဗီက တောင်တက်စခန်း အမှတ် (၁)မှာ နေထိုင်ခဲ့ပြီးကြောင်း ၀န်ခံခဲ့တာကြောင့် နောက်ထပ်စုံစမ်းမေးမြန်းမှု ပြုလုပ်ဖို့အတွက် နီပေါအာဏာပိုင်တွေက သူ့ရဲ့နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)