သမ္မတ ထရမ့်က WHO အတွက် ရန်ပုံငွေတွေ ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်

0
259

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း တရုတ်နိုင်ငံကိုသာ ဘက်လိုက်ပြီး အာရုံထားနေတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို ထည့်ဝင်နေတဲ့ ရန်ပုံငွေတွေကို ဖြတ်တောက်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀ နီးပါးရှိနေတာပါ။ အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၁၂၇၀၀ ကျော်သွားပါပြီ။

သမ္မတ ထရမ့်က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို WHO ရန်ပုံငွေတွေကို မပေးဘဲထားဖို့ အာဏာအပြည့်ရှိကြောင်း ပြောခဲ့ပါတယ်။ အမေရိကန်က ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ရန်ပုံငွေ အများဆုံး ထည့်ဝင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)