စတော့ဟုမ်း လူအုပ်ကို ဝင်တိုက်တဲ့ ထရပ်ကားထဲမှာ လက်လုပ်ဗုံးတွေ့

0
292

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ လူအုပ်ထဲကို ဝင်တိုက်တဲ့ ထရပ်ကားထဲမှာ လက်လုပ်ဗုံးတစ်လုံး တွေ့ရှိရပါတယ်။

လူ လေးဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရတဲ့ အဲဒီတိုက်ခိုက်မှုမှာ သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးထားပါတယ်။ တစ်ဦးကတော့ ထရပ်ကားနဲ့ မောင်းဝင်သူလို့ သံသယရှိသူ ဖြစ်ပြီး ကျန်တစ်ဦးကိုတော့ စစ်မေးဦးမှာ ဖြစ်ပြီး လွှတ်ပေးမယ်၊ လွှတ်မပေးဘူးကတော့ မသိသေးဘူးလို့ အစိုးရရှေ့နေ ဟန်စ် အိုင်ဟာမန် (Hans Ihrman) က ပြောပါတယ်။
တိုက်ခိုက်မှု နောက်ကွယ်မှာ ဘယ်အဖွဲ့ရှိတယ်ဆိုတာတော့ ကြေညာတာမျိုး အခုအထိ မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)