တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ တွေ့ဆုံဆွေးနွေးမှု ပိုမိုတိုးတက်ကြောင်း ကန်သမ္မတ ထရမ့်ပြော

0
281

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ခေါင်းဆောင် ၂ ဦးဟာ မနေ့က ဧပြီလ ၇ ရက်နေ့က ဖလော်ရီဒါမှာ တွေ့ဆုံခဲ့ကြပြီး  တရုတ်အစိုးရနဲ့ ပထမဆုံးဆက်ဆံရေးမှာ ၂ နိုင်ငံအတွက်တိုးတက်ဖို့ ပိုမိုလုပ် ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့ပါတယ်။

အဓိက ရည်ရွယ်ချက်ကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့   နယူးကလီးယား  လက်နက် ထုတ်လုပ်မှု အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပြီး ကုန်သွယ်ရေးဆိုင်ရာတွေနဲ့ အလုပ်အကိုင် ကိစ္စတွေကိုပါ  ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင် ဟာ ဧပြီလ ၆ ရက်နေ့က ဖလော်ရီဒါကို ရောက်ရှိနေတာဖြစ်ပြီး ကိစ္စအတော်တော် များများကို နောက်ဆုံးအခြေအနေထိ  ရရှိအောင် မဆွေးနွေးနိုင်ခဲ့ကြပေမဲ့ တရုတ်နဲ့ ဆက်ဆံရေး အရင်ကထက် ပိုမို တိုးတက်ကောင်းမွန်လာကြောင်း သမ္မတထရမ့်က ပြောခဲ့ပါတယ်။

အဲ့ဒီခရီးစဉ်အတွင်း လိုက်ပါသွားတဲ့ တရုတ်သမ္မတကတော် ဖန်လိယွမ်ကလည်း ကန်သမ္မတ ကတော် မယ်လာနီရာ ထရမ့်နဲ့အတူ ဖလော်ရီဒါပြည်နယ်ထဲက အနုပညာအလယ်တန်းကျောင်း တစ်ကျောင်းကို သွားရောက် လည်ပတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)