စတော့ဟုမ်း လူအုပ်ထဲ ကားနဲ့ ဝင်တိုက်တယ်လို့ သံသယရှိသူကို ဖမ်းဆီး

0
270

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ လမ်းသွားလမ်းလာ လူအုပ်ထဲကို ထရပ်ကားနဲ့ ဝင်တိုက်ရာမှာ ကားမောင်းသူလို့ သံသယ ရှိသူကို ဆွီဒင်ရဲတွေက ဖမ်းဆီးလိုက်ပါပြီ။ မနေ့ ဧပြီလ ၇ ရက်နေ့က အဲဒီလို ဝင်တိုက်မှုကြောင့် ၄ ဦးသေပြီး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်စိမ်းရောင် ဂျက်ကက် ဝတ်ထားတဲ့ သံသယရှိသူရဲ့ ပုံကို ထုတ်ပြန်ပြီးတဲ့နောက် အဲဒီပုံနဲ့ တူနေတဲ့သူကို ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ဆွီဒင်ရဲတွေက ပြောပါတယ်။

အက်ဖ်တန်ဘလာဒက် သတင်းစာရဲ့ ဖော်ပြချက်အရ အသက် ၃၉ နှစ်အရွယ်ရှိ အဲဒီလူဟာ ဥဇဘက်က ဖြစ်ပြီး IS အကြမ်းဖက် အဖွဲ့ကို ထောက်ခံသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုလို့ သတ်မှတ်ရင် ဒါဟာ ဆွီဒင်မှာ ပထမဆုံး ဆိုးရွားတဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။ ကလေးငယ်တွေ အပါအဝင် ၁၅ ဒဏ်ရာရပြီး ၉ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဆွီဒင် ဝန်ကြီးချုပ် စတီဖန် လုဖ်ဗန် (Stefan Lofven) က နယ်စပ်ထိန်းချုပ်မှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်မယ်၊ အကြမ်းဖက်သမားတွေ အနေနဲ့ ဆွီဒင်ကို ဘယ်တော့မှ အောင်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)