ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့ အကြမ်းဖက်မှု အနည်းဆုံးလူ ၃ ဦးသေဆုံး

0
288

လော်လီကားတစ်စီးက စတော့ဟုမ်းမြို့လယ်ရှိစတိုးဆိုင်တစ်ခုကို ၀င်တိုက်ခဲ့ပြီး အနည်းဆုံးလူ ၃ဦးသေဆုံးခဲ့ရကြောင်း ဆွီဒင်မီဒီယာတွေက ဖော်ပြပါတယ်။

အဆိုပါဖြစ်စဉ်ဟာ မြို့ရဲ့လူသွားလူလာအများဆုံးလမ်းတစ်လမ်းဖြစ်တဲ့ ဒရိုနင်ဂါတန်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာကြောင့် လူအတော်များများ ထိခိုက်ဒဏ်ရာရ ရှိသွားခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ အကြမ်းဖက်မှုဆိုတာ သံသယဖြစ်စရာမရှိကြောင်း ဆွီဒင်ဝန်ကြီးချုပ်စတီဖန်လိုဖ်ဗန်က ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဘယ်သူ့ကိုဖမ်းဆီးထား တာမရှိသေးဘူးလို့ ပြောကြားခဲ့ပေမယ့် ဒေသခံမီဒီယာတွေကတော့ တစ်ဦးဖမ်းဆီးထားကြောင်း ဖော်ပြခဲ့ကြပါတယ်။

စီစီတီဗွီကနေရရှိထားတဲ့ သံသယဖြစ်စ ရာလူတစ်ဦးရဲ့ ခပ်ဝါးဝါးဓါတ်ပုံကိုတော့ ရဲတပ်ဖွဲ့က ဖော်ပြခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာက ရဲတပ်ဖွဲ့ဝင်တွေရဲ့ပြောကြားချက်အရ လူသုံးဦးသေဆုံးခဲ့ ကြောင်းသိရှိရပေမယ့် ရဲဌာနချုပ်ကတော့အဆိုပါအချက်ကို အတည်မပြုသေးပါဘူး။

အကြမ်းဖက်မှုကျုးလွန်ရာမှာအသုံးပြုတဲ့ကားကို သောကြာနေ့အစောပိုင်းမှာ အနုကြမ်းအစီးခံခဲ့ရတာဖြစ်ကြောင်း ကားပိုင်ရှင်ကပြောဆိုခဲ့ပါတယ်။ အဆိုပါဖြစ် စဉ်ဟာ ဒေသစံတော်ချိန် နေ့လည် ၃နာရီမှာ စတော့ဟုမ်းမြို့က အာလန်စ်စတိုးဆိုင်ကို ၀င်တိုက်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)