ဆီးရီးယားအပေါ် အမေရိကန် လေကြာင်းတိုက်ခိုက်မှုအပြီး ကုလသမဂ္ဂအစည်းအဝေးကျင်းပ

0
265

ဆီးရီယားနိုင်ငံအပေါ် အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးတဲ့နောက် မနေ့က ဧပြီလ ၇ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်တွေ အရေးပေါ်အစည်းအဝေးပွဲ ကျင်းပခဲ့ကြပါတယ်။

အဲ့ဒီလို အမေရိကန်ရဲ့ ပစ်ခတ်ခဲ့မှုအပေါ် ဗြိတိန်နဲ့ ပြင်သစ်တို့က ထောက်ခံခဲ့ကြပေမယ့် နောက်ဆက်တွဲ ဖြစ်လာမယ့် ဆိုးဆိုးဝါးဝါး အကျိုးဆက် ရလဒ်တွေကိုတော့ ရုရှားက သတိပေးပြောဆိုသွားခဲ့ပါတယ်။

အခုတပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဓာတုလက်နက် အသုံးပြုမှုတွေကြောင့်လည်း ဆီးရီးယား သမ္မတ ဘာရှားအာဆတ်ဟာ ပြစ်တင်ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ လုပ်ရပ်ကို ကုလအဖွဲ့ဝင်တွေ ဆွေးနွေးခဲ့ကြပြီး ဒါဟာ အမေရိကန်အနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတစ်ခုကို ချိုးဖောက်ပြီး ကျူးကျော် တိုက်ခိုက်တာ ဖြစ်တယ်လို့လည်း အမေရိကန်ကို မထောက်ခံတဲ့နိုင်ငံတွေက ပြောဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံ ဆိုင်ရာ သံအမတ်ကြီး နစ်ကီ ဟာလီ (Nikki Haley) ကတော့ အမေရိကန်သမ္မတဟာ ဓာတုလက်နက်နဲ့ အသက်ခံခဲ့ရတဲ့ ကလေးငယ်တွေ အပါအ၀င် အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ လက်နက်စက်ရုံတွေကိုသာ ဖျက်စီးတာဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ယာဗီယာ ပီရက်ဇ် ဒီကူလာကတော့ ဆီးရီးယားပြည်သူတွေ ပိုမိုဒုက္ခရောက်မယ့် အခြေအနေကို ရှောင်ရှားကြဖို့ သတိပေးပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)