အေမရိကန္ ဒ႐ုန္းကေန ဒံုးက်ည္နဲ႔ တုိက္ခုိက္မႈ တာလီဘန္ ၂၁ ဦး ေသဆံုး

0
869

အေမရိကန္ ဒ႐ုန္း ေလယာဥ္ကေန ဒံုးက်ည္နဲ႔ ပစ္မွတ္ထား တုိက္ခိုက္မႈေၾကာင့္ အာဖန္ဂန္နစၥတန္ ႏိုင္ငံရွိ   တာလီဘန္ စစ္ေသြးၾကြ ေခါင္းေဆာင္ရဲ႕ သားတစ္ဦး အပါအဝင္ ၂၁ ဦး ေသဆံုးသြားခဲ့တယ္လို႔ ပါကစၥတန္ ေထာက္လွမ္းေရး  အရာရွိတစ္ဦးက အတည္ျပဳပါတယ္။

အေမရိကန္ စစ္တပ္ဟာ မတ္လ ၇ ရက္ေန႔က ဒ႐ုန္း ေလယာဥ္ကေန ဒံုးက်ည္နဲ႔ ပစ္မွတ္ထား တိုက္ခိုက္ခဲ့တာ ျဖစ္ၿပီး အာဖန္ဂန္နစၥတန္ ႏိုင္ငံအတြင္း ပုန္းေနတဲ့ တာလီဘန္ေခါင္းေဆာင္ မူလက္ ဖာလူလက္ရဲ႕ အေဆာက္အဦးကို ပစ္မွတ္ထား တုိက္ခိုက္ခဲ့တာလို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။

ဒံုးက်ည္နဲ႔ တုိက္ခိုက္ခ်ိန္မွာ တာလီဘန္ ေခါင္းေဆာင္ ဖာဘူလက္ဟာ အဲဒီ အခ်ိန္မွာ မရွိဘဲ သူရဲ႕သားသာ ရွိေနတာေၾကာင့္ သားျဖစ္သူ ေသဆံုးသြားခဲ့တာ ျဖစ္ပါတယ္။ တုိက္ခုိက္မႈဟာ ပါကစၥတန္နဲ႔ နယ္စပ္ခ်င္း ထိစပ္ေနတဲ့ အာဖန္ဂန္နစၥတန္၊ ကူနာေဒသမွာျဖစ္ခဲ့ၿပီး တိုက္ခုိက္မႈေၾကာင့္ ေသဆံုးမႈေတြ ရွိခဲ့တယ္လို႔ တာလီဘန္ ေခါင္းေဆာင္တစ္ဦးက အတည္ျပဳေျပာဆုိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် ဒရုန်းကနေ ဒုံးကျည်နဲ့ တိုက်ခိုက်မှု တာလီဘန် ၂၁ ဦး သေဆုံး

အမေရိကန် ဒရုန်း လေယာဉ်ကနေ ဒုံးကျည်နဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အာဖန်ဂန်နစ္စတန် နိုင်ငံရှိ တာလီဘန် စစ်သွေးကြွ ခေါင်းဆောင်ရဲ့ သားတစ်ဦး အပါအဝင် ၂၁ ဦး သေဆုံးသွားခဲ့တယ်လို့ ပါကစ္စတန် ထောက်လှမ်းရေး အရာရှိတစ်ဦးက အတည်ပြုပါတယ်။

အမေရိကန် စစ်တပ်ဟာ မတ်လ ၇ ရက်နေ့က ဒရုန်း လေယာဉ်ကနေ ဒုံးကျည်နဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အာဖန်ဂန်နစ္စတန် နိုင်ငံအတွင်း ပုန်းနေတဲ့ တာလီဘန်ခေါင်းဆောင် မူလက် ဖာလူလက်ရဲ့ အဆောက်အဦးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ မီဒီယာတွေက ဖော်ပြပါတယ်။

ဒုံးကျည်နဲ့ တိုက်ခိုက်ချိန်မှာ တာလီဘန် ခေါင်းဆောင် ဖာဘူလက်ဟာ အဲဒီ အချိန်မှာ မရှိဘဲ သူရဲ့သားသာ ရှိနေတာကြောင့် သားဖြစ်သူ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုဟာ ပါကစ္စတန်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ အာဖန်ဂန်နစ္စတန်၊ ကူနာဒေသမှာဖြစ်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ တာလီဘန် ခေါင်းဆောင်တစ်ဦးက အတည်ပြုပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)