
0
871




>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချစ်သူနဲ့ လက်ထပ်တော့မယ့် တောင်ကိုရီးယား မင်းသမီး ဟန်ချေးအာ

တောင်ကိုရီးယား မင်းသမီး ဟန်ချေးအာက သူ့ချစ်သူနဲ့ လက်ထပ်တော့မယ်လို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။

ဟန်ချေးအာဟာ တောင်ကိုရီးယား အမျိုးသားဘောလုံးအသင်း လက်ရွေးစင်ဟောင်း ချန်ဒူးရီရဲ့ ညီဖြစ်သူ ချာ ဆီးဂျီနဲ့ ချစ်သူတွေဖြစ်ခဲ့ပြီး အခု လက်ထပ်တော့မှာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ချစ်သူသက်တမ်း ၁ နှစ် နီးပါး ရှိပြီလို့ တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြပါတယ်။

လက်ထပ်ပွဲကို လာမယ့် မေလမှာ ရင်းနှီးတဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ ကျင်းပမှာ ဖြစ်ပါတယ်။ မင်းသမီး ဟန်ချေးအာက ချစ်သူနဲ့ လက်ထပ်ပြီးသွားချိန်မှာလည်း သရုပ်ဆောင် လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်သွားမယ်လို့ သူ့ရဲ့ အေဂျင်စီ မစ်စတစ် အင်တာတိန်းမန့်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)