ထိုင္းငါးဖမ္းလုပ္ငန္းမွာ ညွဥ္းပန္းႏွိပ္စက္မႈေတြရွိေနဆဲ

0
868

ထုိင္းငါးဖမ္းလုပ္ငန္းမွာ အလုပ္သမားေတြကို အတင္းၾကပ္ခုိင္းေစတာနဲ႔ ညွဥ္းပန္းႏွိပ္စက္မႈေတြ ရွိေနဆဲ ျဖစ္တယ္လို႔ ႏုိင္ငံတကာ အလုပ္သမား အဖြဲ႔ (ILO) က ေျပာပါတယ္။

ထုိင္းငါးဖမ္းလုပ္ငန္းအတြင္း အၾကမ္းဖက္မႈေတြ၊ လူကုန္ကူးမႈနဲ႔ ကၽြန္ျပဳမႈေတြ ျဖစ္ေပၚခဲ့မႈကို စံုစမ္းစစ္ေဆးမႈေတြ လုပ္ခဲ့ၿပီးေနာက္ ထိုင္းငါးဖမ္းလုပ္ငန္းမွာ အလုပ္သမားေတြရဲ႕ အေျခေနနဲ႔ ပတ္သက္ၿပီး ဖိအားေပးမႈေတြ ရွိေနေပမယ့္ အတင္းအက်ပ္ခုိင္းတာေတြ ရွိေနဆဲျဖစ္တယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ထိုင္းငါးဖမ္းလုပ္ငန္းကေန ႏွစ္စဥ္ အေမရိကန္ေဒၚလာ ဘီလီယံနဲ႔ခ်ီၿပီး ဝင္ေငြ အမ်ားျပား ရရွိေနပါတယ္။ အလုပ္သမားေတြကို ညွဥ္းပန္းႏွိပ္စက္မႈေတြေၾကာင့္ ဥေရာပ သမဂၢက ၂၀၁၅ ခုႏွစ္မွာ ထုိင္းက တင္သြင္းတဲ့ ပင္လယ္ အစားအစာေတြကို ပိတ္ပင္မယ္လို႔ ၿခိမ္းေျခာက္မႈေတြ ရွိခဲ့ပါတယ္။

ထုိင္းငါးဖမ္းလုပ္ငန္းမွာ ေရႊ႕ေျပာင္း အလုပ္သမား ၃၀၂၀၀၀ ဦး အပါအဝင္ လူေပါင္း ၆ သိန္းေက်ာ္ အလုပ္လုပ္ေနပါတယ္။ စံုစမ္းေမးျမန္းမႈေတြအရ  ထုိင္းငါးဖမ္းလုပ္ငန္းမွာ အေျပာင္းလဲေတြ ရွိေနေပမယ့္ တုိးတက္မႈနဲ႔ ညွဥ္းပန္းႏွိပ္စက္မႈက ဒြန္တဲြေနတယ္လို႔ ႏုိင္ငံတကာ အလုပ္သမားအဖြဲ႔က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းငါးဖမ်းလုပ်ငန်းမှာ ညှဉ်းပန်းနှိပ်စက်မှုတွေရှိနေဆဲ

ထိုင်းငါးဖမ်းလုပ်ငန်းမှာ အလုပ်သမားတွေကို အတင်းကြပ်ခိုင်းစေတာနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ (ILO) က ပြောပါတယ်။

ထိုင်းငါးဖမ်းလုပ်ငန်းအတွင်း အကြမ်းဖက်မှုတွေ၊ လူကုန်ကူးမှုနဲ့ ကျွန်ပြုမှုတွေ ဖြစ်ပေါ်ခဲ့မှုကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီးနောက် ထိုင်းငါးဖမ်းလုပ်ငန်းမှာ အလုပ်သမားတွေရဲ့ အခြေနေနဲ့ ပတ်သက်ပြီး ဖိအားပေးမှုတွေ ရှိနေပေမယ့် အတင်းအကျပ်ခိုင်းတာတွေ ရှိနေဆဲဖြစ်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ထိုင်းငါးဖမ်းလုပ်ငန်းကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ဝင်ငွေ အများပြား ရရှိနေပါတယ်။ အလုပ်သမားတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ဥရောပ သမဂ္ဂက ၂၀၁၅ ခုနှစ်မှာ ထိုင်းက တင်သွင်းတဲ့ ပင်လယ် အစားအစာတွေကို ပိတ်ပင်မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။ ထိုင်းငါးဖမ်းလုပ်ငန်းမှာ ရွှေ့ပြောင်း အလုပ်သမား ၃၀၂၀ဝ၀ ဦး အပါအဝင် လူပေါင်း ၆ သိန်းကျော် အလုပ်လုပ်နေပါတယ်။ စုံစမ်းမေးမြန်းမှုတွေအရ ထိုင်းငါးဖမ်းလုပ်ငန်းမှာ အပြောင်းလဲတွေ ရှိနေပေမယ့် တိုးတက်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုက ဒွန်တွဲနေတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)