
0
258




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အယ်လ်ကိုဟော ပါတဲ့ ကိုလာကိုလာ အချိုရည်သစ် ထုတ်လုပ်မယ်

ကိုကာကိုလာ ကုမ္ပဏီက ကုမ္ပဏီသက်တမ်း ၁၂၅ နှစ်အတွင်း အရက်ရာခိုင်နှုန်း ပါဝင်တဲ့ အချိုရည်တစ်မျိုးကို ပထမဆုံး ထုတ်လုပ်ရောင်းချဖို့ စီစဉ်နေတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီ အချိုရည်ဟာ ဂျပန်နိုင်ငံမှာ ထုတ်လုပ်ရောင်းချနေတဲ့ အယ်လ်ကိုပေါ့ ခေါ် အဖျော်ယမကာပုံစံ အရက်ပါ အချိုရည်ပုံစံမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို အချိုရည်ထုတ်လုပ်မှုမှာ အရက် ရာခိုင်နှုန်း ၃ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်း ပါဝင်မှာဖြစ်ပြီး ဈေးကွက်အတွက် စမ်းသပ်မှုတစ်ခု ဖြစ်တယ်လို့ ကိုကာကိုလာ ကုမ္ပဏီ တာဝန်ရှိသူက ဂါဒူနို ပြောပါတယ်။

ကိုကာကိုလာက ထုတ်မယ့် အချိုရည်သစ်ကို ဂျပန်နိုင်ငံအပြင်ဘက်မှာ လတ်တလော ရောင်းချမှာ မဟုတ်သေးဘူးလို့ ကုမ္ပဏီတာဝန်ရှိသူ ဂါဒူနိုက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)