ထိုင္းဘုရင္ မဟာ ဝဇီရာေလာင္ကြန္းပံုပါ ေငြစကၠဴသစ္ ထုတ္လုပ္မယ္

0
298

ထိုင္းႏိုင္ငံမွာ ဒသမေျမာက္ ရာမျဖစ္တဲ့ ဘုရင္ ဝဇီရာေလာင္ကြန္း ပံုပါ ေငြစကၠဴအသစ္ေတြ ထုတ္လုပ္မွာ ျဖစ္ပါတယ္။

ေငြစကၠဴဒီဇိုင္းသစ္ေတြကို မတ္လ ၈ ရက္ေန႔က ဘန္ေကာက္ၿမိဳ႕မွာ ျပသခဲ့ၿပီး ဧၿပီလ ၆ ရက္ေန႔နဲ႔ ဇူလိုင္လ ၂၈ ရက္ေန႔တို႔မွာ တရားဝင္ ထုတ္ေဝမွာ ျဖစ္ပါတယ္။

ဧၿပီလ ၆ ရက္ေန႔မွာ ထိုင္းဘုရင္ ဝဇီရာေလာင္ကြန္းပံုပါ ထိုင္းဘတ္ေငြ ၂၀၊ ၅၀၊ ၁၀၀ တန္ေတြကို ထုတ္လုပ္သြားမွာ ျဖစ္ၿပီး ဇူလိုင္ ၂၈ ရက္မွာေတာ့ ထိုင္းဘတ္ေငြ ၁၀၀၀ တန္နဲ႔ ၅၀၀ တန္ ေငြစကၠဴေတြ ထပ္မံထုတ္လုပ္မွာ ျဖစ္ပါတယ္။

ဘုရင္ႀကီး ဘူမိေဘာ အဒူလ်ာဒက္ နတ္ရြာစံၿပီးေနာက္ သားျဖစ္သူ လက္ရွိထိုင္းဘုရင္ မဟာ ဝဇီရာေလာင္ကြန္းဟာ  ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာ ၁ ရက္ေန႔မွာ နန္းတက္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းဘုရင် မဟာ ဝဇီရာလောင်ကွန်းပုံပါ ငွေစက္ကူသစ် ထုတ်လုပ်မယ်

ထိုင်းနိုင်ငံမှာ ဒသမမြောက် ရာမဖြစ်တဲ့ ဘုရင် ဝဇီရာလောင်ကွန်း ပုံပါ ငွေစက္ကူအသစ်တွေ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ငွေစက္ကူဒီဇိုင်းသစ်တွေကို မတ်လ ၈ ရက်နေ့က ဘန်ကောက်မြို့မှာ ပြသခဲ့ပြီး ဧပြီလ ၆ ရက်နေ့နဲ့ ဇူလိုင်လ ၂၈ ရက်နေ့တို့မှာ တရားဝင် ထုတ်ဝေမှာ ဖြစ်ပါတယ်။ ဧပြီလ ၆ ရက်နေ့မှာ ထိုင်းဘုရင် ဝဇီရာလောင်ကွန်းပုံပါ ထိုင်းဘတ်ငွေ ၂၀၊ ၅၀၊ ၁၀ဝ တန်တွေကို ထုတ်လုပ်သွားမှာ ဖြစ်ပြီး ဇူလိုင် ၂၈ ရက်မှာတော့ ထိုင်းဘတ်ငွေ ၁၀ဝ၀ တန်နဲ့ ၅၀ဝ တန် ငွေစက္ကူတွေ ထပ်မံထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဘုရင်ကြီး ဘူမိဘော အဒူလျာဒက် နတ်ရွာစံပြီးနောက် သားဖြစ်သူ လက်ရှိထိုင်းဘုရင် မဟာ ဝဇီရာလောင်ကွန်းဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ နန်းတက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)