
0
310




>>>>>>>>>>>>>>>>>>>>>>>>>>

အပြာမင်းသမီးနဲ့ သမ္မတ ထရမ့် အရှုပ်အထွေး မရှိခဲ့ဘူးလို့ အိမ်ဖြူတော် ငြင်းဆို

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ဟာ အပြာမင်းသမီး စတိုမီ ဒန်နီယယ်လ်နဲ့ အရှုပ်အထွေးတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အိမ်ဖြူတော်က ငြင်းဆန်လိုက်ပါတယ်။

သမ္မတ ထရမ့်ကို အပြာမင်းသမီးနဲ့ ပတ်သက်ပြီး တိုက်ရိုက်စွပ်စွဲမှုတွေ ရှိခဲ့ပေမယ့် အဲဒီ စွပ်စွဲချက်တွေဟာ ယုံကြည်စရာမရှိဘူးလို့ အမေရိကန် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးဆိုင်ရာ တာဝန်ရှိသူ ဆာရာ ဆန်းဒါးစ်က ပြောပါတယ်။ စတိုမီ ဒန်နီယယ်လ်က သူဟာ အမေရိကန် သမ္မတ ထရမ့်နဲ့ လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးတွေ ရှိခဲ့ပြီး ၂၀ဝ၆ ခုနှစ် ဂေါက်ပြိုင်ပွဲတစ်ခုမှာ စတင်တွေဆုံခဲ့ပြီးနောက် ဖြစ်ခဲ့တာလို့ ပြောခဲ့ပါတယ်။

အဲဒီလိုတွေဆုံပြီးနောက်ပိုင်း ဒေါ်နယ်ထရမ့်နဲ့ တခြားမြို့တွေမှာ ထပ်တွေ့ဖြစ်ခဲ့တယ်လို့လည်း စတိုမီ ဒန်နီယယ်လ်က ပြောပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ရှေနေ့ မိုက်ကယ်ကိုဟင်က ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ အမေရိကန်သမ္မတ ဖြစ်လာမယ့် ထရမ့်နဲ့ သူ့ဆက်ဆံရေးကို နုတ်ပိတ်ထားဖို့ လျှော်ကြေး အမေရိကန် ဒေါ်လာ ၁ သိန်း ၃ သောင်း ပေးခဲ့တယ်လို့ စတိုမီ ဒန်နီယယ်လ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)