ေျမာက္ကိုရီးယားကို ပိတ္ဆို႔မႈ ဆက္လုပ္ထားမယ္လုိ႔ ေတာင္ကိုရီးယား ေျပာ

0
261

ဆယ္စုႏွစ္ေက်ာ္အတြင္း ပထမဆံုး အႀကိမ္အျဖစ္ ကိုရီးယား ထိပ္သီးေဆြးေႏြးပြဲလုပ္ဖို႔ သေဘာတူညီ ထားတဲ့အထိ ဆက္ဆံေရး ေႏြးေထြးေနေပမယ့္ ေျမာက္ကိုရီးယား ႏုိင္ငံအေပၚ ပိတ္ဆို႔မႈ ခ်မွတ္ထားတာက ဆက္ရွိေနဦးမွာ ျဖစ္တယ္္လို႔ ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းက ေျပာလုိက္ပါတယ္။  

ေတာင္ကိုရီးယား သမၼတက အဓိက ႏုိင္ငံေရး ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံုခ်ိန္မွာ အခုလို ေျပာခဲ့တာ ျဖစ္ပါတယ္။  ေျမာက္ကိုရီးယား ႏုိင္ငံအေပၚ ပိတ္ဆုိ႔မႈေတြကို အေမရိကန္နဲ႔ ကုလသမဂၢက ဦးေဆာင္ လုပ္ေဆာင္ခဲ့တာ ျဖစ္ၿပီး ေတာင္ကိုရီးယား ႏုိင္ငံက လုပ္ေဆာင္ခဲ့တာ မဟုတ္ဘူးလို႔ ေတာင္ကုိရီးယား သမၼတက ေျပာပါတယ္။

ကိုရီးယား ထိပ္သီးအစည္းေဝးကို ႏုိင္ငံတကာ ပိတ္ပင္မႈနဲ႔ ဖိအားေတြ ရွိေနတဲ့ၾကားက က်င္းပျပဳလုပ္မွာ ျဖစ္တယ္လုိ႔ သမၼတ မြန္ေဂ်အင္းက ေျပာပါတယ္။ ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီယားနဲ႔ ဒံုးက်ည္ အစီစဥ္ေတြဟာ  ေတာင္ကိုရီးယား ႏိုင္ငံသာမက အေမရိကန္နဲ႔ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြက စိုးရိမ္မႈေတြ ရွိေနတာလုိ႔ သမၼတ မြန္ေဂ်အင္းက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားကို ပိတ်ဆို့မှု ဆက်လုပ်ထားမယ်လို့ တောင်ကိုရီးယား ပြော

ဆယ်စုနှစ်ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် ကိုရီးယား ထိပ်သီးဆွေးနွေးပွဲလုပ်ဖို့ သဘောတူညီ ထားတဲ့အထိ ဆက်ဆံရေး နွေးထွေးနေပေမယ့် မြောက်ကိုရီးယား နိုင်ငံအပေါ် ပိတ်ဆို့မှု ချမှတ်ထားတာက ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက ပြောလိုက်ပါတယ်။

တောင်ကိုရီးယား သမ္မတက အဓိက နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို အမေရိကန်နဲ့ ကုလသမဂ္ဂက ဦးဆောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံက လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလို့ တောင်ကိုရီးယား သမ္မတက ပြောပါတယ်။

ကိုရီးယား ထိပ်သီးအစည်းဝေးကို နိုင်ငံတကာ ပိတ်ပင်မှုနဲ့ ဖိအားတွေ ရှိနေတဲ့ကြားက ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သမ္မတ မွန်ဂျေအင်းက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ ဒုံးကျည် အစီစဉ်တွေဟာ တောင်ကိုရီးယား နိုင်ငံသာမက အမေရိကန်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စိုးရိမ်မှုတွေ ရှိနေတာလို့ သမ္မတ မွန်ဂျေအင်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)