ဂ်ပန္ ရွင္မိုဒါကီ မီးေတာင္ ေပါက္ကြဲ

0
279

ဂ်ပန္ႏိုင္ငံ ေတာင္ပိုင္းရွိ ရွင္မိုဒါကီ မီးေတာင္ဟာ မေန႔က မတ္လ ၇ ရက္မွာ ျပင္းထန္စြာ ေပါက္ကြဲကာ ၂၀၁၁ ခုႏွစ္ေနာက္ပိုင္း ပထမဆံုး အႀကိမ္အျဖစ္ မီးခုိးနဲ႔ ျပာမႈန္႔ေတြ မီတာ ၃၀၀၀ ေက်ာ္အထိ မႈတ္ထုတ္ေနပါတယ္။

အဲဒီမီးေတာင္ဟာ က်ဴ႐ႈးကၽြန္းမွာရွိၿပီး မတ္ ၆ ရက္ကလည္း ေပါက္ကြဲမႈျဖစ္ခဲ့ကာ မီးေတာင္မွ ေခ်ာ္ရည္မ်ားလည္း စီးဆင္းခဲ့ပါေသးတယ္။ လက္ရွိအခ်ိန္မွာ အျမင့္ ၄၆၆၀ ေပရွိတဲ့ မီးေတာင္ဝန္းက်င္ကို မသြားေရာက္ဖုိ႔ သတိေပးထားတယ္လို႔ ဂ်ပန္ မုိးေလဝသဌာနက သတင္းထုတ္ျပန္ထားပါတယ္။

မီးေလာင္လႈပ္ရွားမႈနဲ႔ ေပါက္ကြဲမႈေတြေၾကာင့္ ထိခိုက္သူ မရွိဘဲ ေတာင္ေျခရွိ ၿမိဳ႕ေတြဟာ ျပာမႈန္႔ေတြကို ကာကြယ္ႏုိင္ဖို႔ မ်က္ႏွာဖံုးေတြ တပ္ဆင္ထားရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန် ရှင်မိုဒါကီ မီးတောင် ပေါက်ကွဲ

ဂျပန်နိုင်ငံ တောင်ပိုင်းရှိ ရှင်မိုဒါကီ မီးတောင်ဟာ မနေ့က မတ်လ ၇ ရက်မှာ ပြင်းထန်စွာ ပေါက်ကွဲကာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် မီးခိုးနဲ့ ပြာမှုန့်တွေ မီတာ ၃၀ဝ၀ ကျော်အထိ မှုတ်ထုတ်နေပါတယ်။

အဲဒီမီးတောင်ဟာ ကျူရှုးကျွန်းမှာရှိပြီး မတ် ၆ ရက်ကလည်း ပေါက်ကွဲမှုဖြစ်ခဲ့ကာ မီးတောင်မှ ချော်ရည်များလည်း စီးဆင်းခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာ အမြင့် ၄၆၆၀ ပေရှိတဲ့ မီးတောင်ဝန်းကျင်ကို မသွားရောက်ဖို့ သတိပေးထားတယ်လို့ ဂျပန် မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မီးလောင်လှုပ်ရှားမှုနဲ့ ပေါက်ကွဲမှုတွေကြောင့် ထိခိုက်သူ မရှိဘဲ တောင်ခြေရှိ မြို့တွေဟာ ပြာမှုန့်တွေကို ကာကွယ်နိုင်ဖို့ မျက်နှာဖုံးတွေ တပ်ဆင်ထားရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)