အုိင္းစတုိင္း ေရးခဲ့တဲ့ စာႏွစ္ေစာင္ကို ေလလံတင္ ေရာင္းခ်

0
912

ကမာၻေက်ာ္ ႐ူပေဗဒပညာရွင္ႀကီး အဲလ္ဘတ္ အုိင္းစတုိင္း ေရးသားခဲ့တဲ့ စာႏွစ္ေစာင္ကို မတ္လ ၆ ရက္ေန႔က ေဂ်႐ုဆလင္ ေလလံပြဲမွာ ေရာင္းခ်ခဲ့ပါတယ္။

အုိင္စတုိင္းရဲ႕ ပထမစာဟာ ၁၉၂၈ ခုႏွစ္မွာ ေရးသားခဲ့ၿပီး ႏိႈင္းရ သီအုိရိီ တတိယ အဆင့္နဲ႔ ပတ္သက္တဲ့ အယူအဆေတြကို ေရးသားထားတာ ျဖစ္ကာ အေမရိကန္ေဒၚလာ ၁ ေသာင္းေက်ာ္နဲ႔ ေရာင္းခ် ႏုိင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီ ေဂ်႐ုဆလင္ ေလလံပြဲမွာပဲ အုိင္းစတုိင္း ေရးခဲ့တဲ့ ေနာက္ထပ္ စာတစ္ေစာင္ကို အေမရိကန္ ေဒၚလာ ၆၁၀၀ နဲ႔ ထပ္မံေရာင္းခ်ႏုိင္ခဲ့တယ္လို႔ အစၥေရး မီဒီယာေတြက ေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တုိဘာလကလည္း ဝင္းနားစ္ ေလလံပြဲမွာ အုိငး္စတုိင္းရဲ႕ စာတစ္ေစာင္ကို ေရာင္းခ်ခဲ့ပါတယ္။ အဲဒီစာကေတာ့ သူ ႏုိဘယ္လ္ဆု ရရိွတာကို သိရွိၿပီးေနာက္ ေပ်ာ္ရြင္တဲ့အေၾကာင္းကို ေရးသားတဲ့စာ ျဖစ္ပါတယ္။ အဲဒီစာကို အေမရိကန္ ေဒၚလာ ၁ ဒသမ ၃ သန္းနဲ႔ ေရာင္းခ်ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိုင်းစတိုင်း ရေးခဲ့တဲ့ စာနှစ်စောင်ကို လေလံတင် ရောင်းချ

ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး အဲလ်ဘတ် အိုင်းစတိုင်း ရေးသားခဲ့တဲ့ စာနှစ်စောင်ကို မတ်လ ၆ ရက်နေ့က ဂျေရုဆလင် လေလံပွဲမှာ ရောင်းချခဲ့ပါတယ်။

အိုင်စတိုင်းရဲ့ ပထမစာဟာ ၁၉၂၈ ခုနှစ်မှာ ရေးသားခဲ့ပြီး နှိုင်းရ သီအိုရိီ တတိယ အဆင့်နဲ့ ပတ်သက်တဲ့ အယူအဆတွေကို ရေးသားထားတာ ဖြစ်ကာ အမေရိကန်ဒေါ်လာ ၁ သောင်းကျော်နဲ့ ရောင်းချ နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဂျေရုဆလင် လေလံပွဲမှာပဲ အိုင်းစတိုင်း ရေးခဲ့တဲ့ နောက်ထပ် စာတစ်စောင်ကို အမေရိကန် ဒေါ်လာ ၆၁၀ဝ နဲ့ ထပ်မံရောင်းချနိုင်ခဲ့တယ်လို့ အစ္စရေး မီဒီယာတွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း ဝင်းနားစ် လေလံပွဲမှာ အိုငး်စတိုင်းရဲ့ စာတစ်စောင်ကို ရောင်းချခဲ့ပါတယ်။ အဲဒီစာကတော့ သူ နိုဘယ်လ်ဆု ရရှိတာကို သိရှိပြီးနောက် ပျော်ရွင်တဲ့အကြောင်းကို ရေးသားတဲ့စာ ဖြစ်ပါတယ်။ အဲဒီစာကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သန်းနဲ့ ရောင်းချခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)