
0
842





>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အယ်လ်ဘားမား အထက်တန်းကျောင်း ပစ်ခတ်မှု တစ်ဦး သေ

အမေရိကန်၊ အယ်လ်ဘားမားမြို့ရှိ အထက်ကျောင်း တစ်ကျောင်းမှာ မနေ့က မတ်လ ၇ ရက်နေ့က ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ကျောင်းသူတစ်ဦး သေဆုံးသွားခဲ့ရပါတယ်။

ဘာမင်ဂမ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ အော်လန်ဒို ဝီလ်ဆင်က ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦး သေဆုံးပြီး တခြားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ ပစ်ခတ်ခဲ့မှုမှာ ဟတ်ဖ်မန်း အထက်တန်းကျောင်းက ကျောင်းထုတ်ခံရတဲ့ ကျောင်းသားနှစ်ဦး ပါဝင်ပတ်သက်တယ်လို့ ယူဆရပြီး လက်ရှိအချိန်မှာ ရဲတွေက ပစ်ခတ်မှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဘာမင်ဂမ်မြို့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

သေနတ်ဟာ မတော်တဆ ကျည်ထွက်သွားတာလား၊ ပစ်ခတ်တာလားဆိုတာ အတည်မပြုနိုင်သေးတဲ့အတွက် ရဲတွေက သေနတ်ကို သိမ်းဆည်းရမိထားပေမယ့် ဖမ်းဆီးမှုတော့ မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)