
0
809




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်တရုတ် ပင်လယ်အရေး ဖြေရှင်းမှုမှာ ပြဿနာတွေကနေ လွတ်မြောက်ခဲ့တယ်လို့ တရုတ်ပြော

တောင်တရုတ်ပင်လယ် တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရေး တရုတ်နိုင်ငံရဲ့ ဖြေရှင်းမှုတွေက ပြဿနာတွေကနေ လွတ်မြောက်စေခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ရီက ပြောပါတယ်။

ဝမ်ရီက တရုတ်လွှတ်တော် အစည်းအဝေး နားချိန်မှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ဝမ်ရီက အငြင်းပွားမှုတွေ ဖြစ်နေတဲ့ ဒေသအတွင်းရှိ ရေပိုင်နက်မှာ အခက်အခဲတွေ ဖြစ်လာအောင် ဒေသအပြင်ဘက်ရှိ တပ်ဖွဲ့တွေက လုပ်ဆောင်ဖို့ ကြိုးစားနေတယ်လို့လည်း စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ ဒေသအပြင်ဘက်ရှိ နိုင်ငံတွေဆိုတာ ဂျပန်နဲ့ အမေရိကန်ကို ရည်ညွန်းပြောဆိုတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ အိမ်ချင်းနိုင်ငံတွေနဲ့အတူ ပြဿနာတွေကို သံတမန်နည်းလမ်း သုံးကာ ဖြေရှင်းမနေကြောင်းလည်း ဝမ်ရီက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)