ဇြန္လကုန္အထိ မွတ္ပံုမတင္ရင္ ေရႊ႕ေျပာင္းအလုပ္သမားေတြကို ဖမ္းဆီးမယ္

0
911

ေရႊ႕ေျပာင္းအလုပ္သမားေတြ အေနနဲ႔ ဇြန္လ ၃၀ ရက္ ေနာက္ဆံုးထားၿပီး မွတ္ပံုမတင္ရင္ ဖမ္းဆီးခံရမယ္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အုိခ်ာက သတိေပးလုိက္ပါတယ္။  

ဝန္ႀကီးခ်ဳပ္က အလုပ္သမားေတြကို မွတ္ပံုတင္ လုပ္ေပးေနတဲ့ အလုပ္သမားဝန္ႀကီးဌာနရဲ႕ စီမံခန္႔ခြဲမႈ လုပ္ငန္းစဥ္ အားနည္းခ်က္ေတြအတြက္ ျပစ္တင္မႈေတြလည္း လုပ္ခဲ့ပါတယ္။

ထုိင္းအလုပ္သမား ဝန္ႀကီးဌာနက ေရႊြ႕ေျပာင္း အလုပ္သမားေတြကို မွတ္ပံုတင္ ျပဳလုပ္ေပးရာမွာ လုပ္ငန္းေတြ ေႏွးေကြးေနၿပီး  ေရႊ႕ေျပာင္း အလုပ္သမားေတြ ဘယ္ႏုိင္ငံသား ျဖစ္တယ္ဆုိတာကို စိစစ္ရာမွာ အေထာက္ကူေပးမယ့္ စက္ပစၥည္းေတြ နည္းပါးေနတာကိုလည္း ေဒါသျဖစ္ခဲ့တယ္လုိ႔ ထုိင္းသတင္းေတြကာ ေဖာ္ျပပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္က ေရႊ႕ေျပာင္းအလုပ္သမားေတြ အေနနဲ႔ဇြန္လကုန္အထိ မွတ္ပံုတင္ႏုိင္မႈ မရွိေသးဘူးဆိုရင္ ေနာက္ထပ္ ကင္းလြတ္ခြင့္ ေပးမွာ မဟုတ္ေတာ့ဘဲ ဖမ္းဆီးသြားမွာ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဇွန်လကုန်အထိ မှတ်ပုံမတင်ရင် ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးမယ်

ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး မှတ်ပုံမတင်ရင် ဖမ်းဆီးခံရမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက သတိပေးလိုက်ပါတယ်။

ဝန်ကြီးချုပ်က အလုပ်သမားတွေကို မှတ်ပုံတင် လုပ်ပေးနေတဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှု လုပ်ငန်းစဉ် အားနည်းချက်တွေအတွက် ပြစ်တင်မှုတွေလည်း လုပ်ခဲ့ပါတယ်။ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ရွှေ့ပြောင်း အလုပ်သမားတွေကို မှတ်ပုံတင် ပြုလုပ်ပေးရာမှာ လုပ်ငန်းတွေ နှေးကွေးနေပြီး ရွှေ့ပြောင်း အလုပ်သမားတွေ ဘယ်နိုင်ငံသား ဖြစ်တယ်ဆိုတာကို စိစစ်ရာမှာ အထောက်ကူပေးမယ့် စက်ပစ္စည်းတွေ နည်းပါးနေတာကိုလည်း ဒေါသဖြစ်ခဲ့တယ်လို့ ထိုင်းသတင်းတွေကာ ဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ်က ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ဇွန်လကုန်အထိ မှတ်ပုံတင်နိုင်မှု မရှိသေးဘူးဆိုရင် နောက်ထပ် ကင်းလွတ်ခွင့် ပေးမှာ မဟုတ်တော့ဘဲ ဖမ်းဆီးသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)